သခင့်အလိုကျအပိုင်း ၁၅
"ဆောင်း.....အ....
ဝိုင် ခေါ်လိုက်တဲ့ အသံနဲ့ အတူ ထ ထိုင်လိုက်တာကြောင့် ကျောကုန်း မှ စူးခနဲ နာသွားသလို ခေါင်းလဲ မူးသွားရသည်။
လက်ကို ကိုင်ထားပြီး အိပ်ပျော်နေတဲ့ ဆောင်းလေရူး ကိုလဲ ဆွဲ လူပ်နိူးမိလျှက်သား။"အားယား....ဘာလို့ ထအော်နေတာလဲ
လူကို လန့်ပြီးသေအောင်လား...."ဆောင်း.....
"အင့်...
"ဟာ....
ဝိုင်က ဆောင်းကို လက်မှ လှမ်းဆွဲ ယူလိုက်ပြီး ရင်ခွင်ထဲ သို့ ရောက်စေလျှက် ပွေ့ဖက်လိုက်သည်။
"ကိုယ် ထင်လိုက်တာ မင်း...
"ထားခဲ့ပြီလို့လား...
ဝိုင်က မဖြေပဲ ခေါင်းငြိမ့်ပြ၏။
"လူကို နှလုံးသားမရှိတဲ့လူ ထင်နေလား
ဒီလောက် သေကောင်ပေါင်းလွဲ ရိုက်ခံထားရတာ ဘယ်လို ထားခဲ့ရမလဲ...."မင်း အရမ်းကောင်းတယ်....
ဝိုင်က ဆောင်း ကို လွတ်ထွက်သွားမှာဆိုးသည့်အလား တင်းနေအောင် ဖက်ထား၏။
"အသက်ရူကြပ်တယ် လွတ်....ရှင်ရော အနာတွေက မနာဘူးလား...
နာတော့ နာနေပေမယ့် ကျိပ်ပြီး ခံနေတာ ဖြစ်သည်။
ဆောင်းက အတင်း ပြန် ခွာလိုက်ပြီးနောက်ဆုပ် ထိုင်လိုက်သည်။ပြီးတော့ ဝိုင်လနဖူး ကို စမ်းကြည့် လိုက်သည်။"အသားတော့ မပူတော့ဘူး...
ဝိုင်က အနည်းငယ် ရဲနေတဲ့ ဆောင်းရဲ့မျက်လုံးတွေ ကို သေချာကြည့်လိုက်ပြီး...
"ညက တစ်ညလုံး မအိပ်ရသေးတာလား...
"ရှင် ဘယ်လို ထင်လဲ...
အိပ်ခါစ ရှိသေးတယ် အသံပြဲနဲ့ ထအော်တာ ဘယ်သူလဲ...."Sorry...မင်း ကို နှောက်ယှက်မိသွားတာလား....
"ရှင်က အမြဲတမ်း ဆောင်းလေရူး ရဲ့ ဘဝထဲဝင်လာတဲ့ အနှောက် အယှက်ပဲလေ...
ဝိုင်က စကားသံတိတ်ကျသွားပြီး စိတ်မကောင်းသလို မျက်နှာ ငြိုးငယ်စွာဖြင့် ခေါင်း ငုံကျသွားသည်။ ဆောင်း က ပြောပြီးမှ ဘာမှမဖြစ်သလိုပဲ...