သခင့် အလိုကျ
အပိုင်း ၁ဝ
"ဖွင့်ပေး...အခု တံခါးဖွင့်ပေး....
ဆောင်းလေရူး ကတံခါးကို ထု
ပြီး ဖွင့်ပေးဖို့ပြောလိုက်သည်။"အားကုန် ခံ မနေ နဲ့ ငြိမ်ငြိမ်လေး ထိုင်လိုက်...ငါ ဖွင့်မပေးရင် မင်း ဘယ်လိုမှ ထွက်မရဘူး....
"အခုဖွင့်.... ဘုတ်..ဘုတ်....
အခုဖွင့်...."ဆောင်းလေရူး.... မင်း ပြောရ ခက်တာပဲ...ဆေးဆေး ထိုင်နေစမ်းပါ...ငါ ကားမောင်း နေတာ ခေါင်းခြောက်အောင်မလုပ်နဲ့....
"လုပ်တော့ ဘာဖြစ်လဲ.... အခု မဖွင့်သေးရင် ဆက်ပြောနေဦးမှာလဲ...အခုဖွင့်...
"၂ယောက်လုံး သေကုန်တော့မှာပဲ...
"သေ..သေ...ဖွင့်ပေး အခု...
"မင်း အာညောင်းခံပြီး အော်နေချင်တယ်ဆိုရင်လဲ သဘောပဲ.... ဒါပေမယ့် ငါခေါ်သွားတဲ့နေရာ မင်း သေချာပေါက်လိုက်ကြည့်ရမယ်....
ဝိုင်က ဆောင်းလေရူး ဘယ်လောက် အော်အော် ဂရုမစိုက် ပဲ ကားကို သာ ဆက်မောင်းခဲ့သည်။ ကားက ဆေးရုံ ဝန်းတစ်ခုထဲ က ကားပါကင်မှာ ထိုးရပ်သွားသည်။
"ဆင်း....
"ဒါက ဘယ်နေရာလဲ....
"ဆေးရုံလေ....မင်းလဲ ဆေးကျောင်း တက်နေတာ ဒါတောင်မသိဘူးလား......
"ဆေးရုံတော့ ရှင်ပြောမှလား...
ဘာလို့ ဆေးရုံကို ခေါ်လာတာလဲ...."မင်းကို လူတစ်ယောက် နဲ့မိတ်ဆက်ပေးမယ်....
"ဘာ....ဖယ်စမ်း အပိုလုပ်တွေ....မလိုက်ဘူး....
"လာစမ်းပါ....
"လွတ်နော်....မလိုက်ဘူးဆို....
"မင်းကို ပွေ့ ခေါ်သွားတာ လိုချင်လား.....
ဘေးမှာ လျှောက်သွားနေသည့် လူတွေရှိတာကြောင့် ဆောင်း အလျှော့ပေးလိုက်ရတော့သည်။
"တောက်.....
"ဘာလို့ အဲ့လောက် စိတ်ကြီးတာလဲ....
"ငါ့ကို မထိနဲ့ လွတ်....
"မရဘူး လွတ်လိုက်ရင် မင်း ထွက်ပြေးသွားမှာပေါ့.....