သခင့် အလိုကျ
အပိုင်း ၇
ဝိုင် က လဲ ငယ်စဉ်က သူမလိုပဲ လိုင်စင်မရှိပဲ ခိုးမောင်းခဲ့ဖူးတာမို့ ကားရပ်ပြီး ကားပေါ်ကဆင်းလျှက် နေရာ ပြောင်းပေးလိုက်သည်။ ဆောင်းလေရူး ကကားမောင်းသူနေရာသို့ ဝင်လျှက် မောင်းလိုက်၏။
"မင်း က ကားတော့ သေချာမောင်းတက်သားပဲ...
"အာ...အဟဲ...အကိုဝင်းကွဲတွေထဲ ကားဒရိုင်ဘာရှိတယ်လေ အပျော် လိုက်စီးရင်းနဲ့ ကားကြီးတွေကနေ စပြီး အမောင်းသင်ခဲ့တာ...
"သြော်..ဒါကြောင့် ကျွမ်းနေတာကို
ဘာလို့ လိုင်စင်ရအောင် သွားမဖြေတာလဲ..."ကားလဲ ဝယ်စီးနိုင်မှာမှ မဟုတ်တာ ဘာလို့ဖြေနေမလဲ....
အပြန်လမ်းမှာ ညရောက်နေပြီ မို့
ကားက ပိုရူပ်နေသေးသည်။"ဦးဝိုင် ကို ပြန်ပို့ပေးမယ်....
"ရတယ်....မလိုဘူး...မင်း နေတဲ့နေရာကို မောင်းသွား.....
"မဟုတ်တာ...ဆောင်းက လိုင်းကားနဲ့ ပြန်နေကျ ကိစ္စ မရှိဘူး....
"ဒါဆိုလဲ မင်း ကားစီးလို့ရတဲ့ ဂိတ်တစ်ခုမှာရပ်လိုက်...ငါ ဆက်မောင်းသွားမယ်...
"ဒဏ်ရာတွေနဲ့ ဘယ်လိုမောင်းမလဲ....
အိမ်အထိ မဟုတ်ရင်တောင် မနီး မဝေးထိ လိုက်ပြီး မောင်းပို့မယ်.....ဝိုင်က ဆက်မငြင်းချင်တော့ တာကြောင့် အိမ်လိပ်စာကို ဖုန်းမှာ ရိုက်ပြီး ရှာပေးလိုက်သည်။
"ဝါး....သူဌေး ရပ်ကွက်မှာနေတာပဲ....
ဆောင်းက ကားမောင်းရင်း လမ်းဘေးက စတိုးဆိုင်တစ်ခုကိုတွေ့တာကြောင့် ခဏ ရပ်လိုက်သည်။
"ခဏစောင့် ဝယ်စရာရှိလို့......
"အင်း....
ဆောင်း က ဆိုင်ထဲ ပြေးဝင်သွားပြီး အတော်ကြာမှပြန်ထွက်လာသည်။
ဆိုင်ရှေ့မှ ကားကိုပြန်မောင်းလာခဲ့ပြီး ဝိုင်တို့ အိမ်သို့ မရောက်ခင် တစ်နေရာမှာ ရပ်လိုက်၏။"နောက် ခန်းကို လာခဲ့....
နောက်ဘက် ထိုင်ခုံတွေ ရဲ့ အရှေ့မီးကို ဖွင့်ရင်း ဆောင်းက ပြောလိုက်သည်။