Episode-7

8.2K 907 7
                                    

"ခင်ဗျားကရိုးအေးတဲ့သူ..ကျနော်က.."

ထားလိုက်ပါတော့
ဆုပ်ကိုင်ထားတဲ့လက်လေးကိုအသာပြန်ချပြီး
စောင်သေချာခြုံပေးလိုက်တယ်

အေးချမ်းတဲ့လူသားကသူ့ရဲ့အပူတွေကို
ငြိမ်းစေတယ်
နိုးလာတဲ့အထိဆက်စောင့်ရမလား
ဒီတိုင်းပြန်သွားရမလားတွေးနေဆဲ

အေးသွားတဲ့ဆန်ပြုတ်လေးကိုအပူခံအိုးလေးထဲ
ပြန်ထည့်လိုက်တယ်
တံခါးတွေကိုသေချာလိုက်ပိတ်ပြီး
သူထွက်လာခဲ့တယ်

အဖြူရောင်စာရွက်လေးပေါ်စာရေးခဲ့တယ်

"နိုးလာရင်ဆန်ပြုတ်သောက်လိုက်ဦး"

ရှောင်းကျန့်စာရွက်ကို
ကြည့်နေတာ..
ဟာနေတဲ့ဗိုက်ကိုအရင်ဖြည့်ပြီးမှဆက်စဉ်းစားမယ်

မိုးတွေကသည်းကြီးမည်းကြီးရွာလာတယ်
ပြတင်းပေါက်တွေပိတ်ဖို့ထတော့
အကုန်လုံးကပိတ်ပြီးသားတွေ

အအေးကြိုက်တဲ့ရှောင်းကျန့်က
နွေရာသီတစ်ခုလုံးမှာကမ်းပေါ်တင်နေတဲ့
ငါးလေးလိုခံစားနေရတာ..

မိုးရွာတော့သူအကြိုက်ပေါ့
ဆန်ပြုတ်ပူပူလေးကို
ပန်းကန်လုံးလေးထဲထည့်ပြီး
ဆေးစာအုပ်ဖတ်နေတယ်

စာရွက်ကိုသတိရတော့
ပြန်ယူကြည့်တယ်
လက်ရေးကတူတာလား
မဖြစ်နိုင်လောက်ပါဘူး

မိုးအေးအေးလေးနဲ့
ပြန်အိပ်ဖို့ပြင်နေတယ်
ဒီညကတော့နှစ်ခြိုက်စွာအိပ်ပျော်မှာပဲ

မအိပ်ခင်အကိုက်အခဲပျောက်ဆေးသောက်ရသေးတယ်
တော်တော်ဆိုးတာပဲ
နောက်ဘယ်သူကိုမှမကူညီဘူး..

ကူညီတိုင်းအမြဲခံရတာနဲ့မဖြစ်ဘူး
ဆရာဝန်တစ်ယောက်ဖြစ်ပြီး
အနာမခံရဲတာမဟုတ်ဘဲ
ရင်မဆိုင်ရဲတာ

ရန်ဖြစ်ဖို့.ပြန်ပြီးပြောဖို့ရှင်းပြဖို့
ကိုယ်မှန်နေရင်တောင်ပြောဖို့သူမရဲဘူး
အေးဆေးနေလာတဲ့သူက
ရက်စက်တဲ့လူ့အသိုင်းအဝိုင်းမှာမဝင်ဆံ့ဘူး

ရည်မှန်းချက်နဲ့ရှေ့ဆက်နေရပေမဲ့
အမှားတစ်ခုခုလုပ်မိရင်အကုန်လုံးက
ဝိုင်းအပြစ်ပြောမှာကိုသူကြောက်ရွံနေမိတယ်

DEFINE! [COMPLETED]Where stories live. Discover now