[ဇာတ်သိမ်း]
ပျော်ရွှင်မှုဆိုတာဘာလဲ
ရှောင်းကျန့်အတွက်ကတော့ပျော်ရွှင်မှုဆိုတာ ကံကောင်းခြင်းတခုပါပဲ။စတင်တွေ့ဆုံတဲ့အချိန်ကစလို့
အခုထိဟာကံကောင်းခြင်းပဲစတွေ့ခဲ့တဲ့ကလေးသေးသေးလေးက
အောင်မြင်ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်နေပြီအင်း လက်တွဲဖော်လည်းရှိလောက်မယ်ထင်တယ်
ခြံသေးသေးလေးထဲစိုက်ထားတဲ့ဒေစီပန်းလေးတွေကို
ရေဖျန်းတယ်..ပြီးတော့နေ့စဥ်တာဝန်တစ်ခုဖြစ်တဲ့
ရွာလေးကလူတွေရဲ့ကျန်းမာရေးကို
လိုက်စစ်ပေးရမယ်အားလီနဲ့အားယွမ်ကို
ရွာသူကြီးဆီကနေမွေးစားလိုက်ကသေးတယ်
သူတို့ရဲ့မိဘတွေမတော်တဆသေဆုံးသွားခဲ့တာကြောင့်ကလေးလေးနှစ်ယောက်နဲ့လူပျိုသိုးကြီး
စားသောက်ကတာမခက်ခဲပေမဲ့
တစ်နေကုန်အိမ်မှာမကပ်တဲ့ရှောင်းကျန့်ကြောင့်
အခက်အခဲကြုံနေရပြီဘေးအိမ်ကအဘွားက ကလေးတွေကိုနေ့ဘက်ကြည့်ပေးပေမဲ့
ကြာတော့အားနာလာရတယ်မိဘမဲ့ဂေဟာလည်းမပို့ရက်
စတွေ့ကတည်းကချစ်ဖို့ကောင်းတဲ့ကလေးလေးတွေ
နောက်တစ်ကြိမ်ပြန်တွေ့ရတဲ့အခါ
မစွန့်လွှတ်ရက်ပေဘူးတစ်နေ့အရေးကြီးလူနာရှိလို့
ရွာထဲသွားရတယ်
အားလီနဲ့အားယွမ်ကို
အိမ်မှာငြိမ်ငြိမ်လေးနေဖို့
မှာခဲ့ပြီးတော့ပေါ့ပြန်ရောက်တဲ့အခါကလေးနှစ်ယောက်မရှိတော့ပေ
"အားလီ!!!! အားယွမ်!!!!!"
"အဘွားကလေးတွေကိုတွေ့မိလား.."
"ကောင်လေးတစ်ယောက်ကလာခေါ်သွားတယ် "
"ဟော ဟိုမှာပြန်လာနေပြီ"
"ရှောင်ဦးဦး"
ပြေးလာနေတဲ့ကလေးနှစ်ယောက်ကို
ဖက်ထားလိုက်တယ်"ဘယ်ကိုသွားနေကြတာလဲ"
"ဝမ်ဦးဦးက ရှောင်ဦးဦးဆီခေါ်သွားမယ်ဆိုလို့"
"ဘယ်သူလဲ ဝမ်ဦးဦးက"
KAMU SEDANG MEMBACA
DEFINE! [COMPLETED]
AcakDefinition Of LOVE! Writer - Plumwhite_Blossom Bonus Chapter Writers - littlechick00& Plumwhite_Blossom [ZAWGYI & UNICODE] Starting Date : 2019.11.11 I can delete it at anytime and continue to write. 3Sentences credit from Bilibili video. Ending Da...