Episode-8

9.2K 883 19
                                    

ထန်းယွဲ့ဆေးရုံ အဆောင်သစ်ဖွင့်ပွဲ.
အကုန်လုံးကအလုပ်ကိုယ်စီရူပ်နေကြတယ်

ရှောင်းကျန့်လေးကဆေးရုံပန်းခြံလေးထဲမယ်
ယွင့်လီလေးနဲ့ပုံတွေဆေးခြယ်နေတာ

ရှစ်ရွှင်းအဆောင်သစ်ဖွင့်ဖို့အလုပ်များနေတယ်
ပြီးတော့ထပ်ဝင်လာတဲ့ရှယ်ယာရှင်အသစ်တွေအတွက်လည်း
အစည်းအဝေးခေါ်ပြီးရှင်းပြနေသည်

အမြင်မကြည်တဲ့သူဖြစ်နေပေမဲ့လည်း
ကိုယ်ကပိုင်ရှင်ဆိုတဲ့ဂုဏ်နဲ့စိတ်ကိုထိန်းထားတယ်

သူကတော့ဘာမှမသိဘူး
စာအုပ်လေးထဲပြောသမျှကိုခေါင်းတညိမ့်ညိမ့်နဲ့
လိုက်မှတ်နေတယ်

အေးလေ ပြောလည်းဘာသိမှာလဲ
အလကားနေလိုက်ပြောနေတဲ့သူလို့ပဲထင်မှာပေါ့

မိန်းကလေးတစ်ယောက်ကို
အမြင်မကြည်တာလည်းလူကြီးလူကောင်းမဆန်ပါဘူး
တိုက်ဆိုင်တာနေမှာပါ.

ရှစ်ရွှင်း အစည်းအဝေးကိုသာအာရုံစိုက်ပြီး
အသေးစိတ်ရှင်းပြနေသည်

ချောမောကြော့ရှင်းတဲ့အနေအထားနဲ့
ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်အချိုးအစား
သွယ်လျတဲ့လက်ချောင်းတွေမှာ
လက်သည်းနီရဲရဲနဲ့
ဖြောင့်တန်းနေတဲ့မျက်ခုံး.
မထူမပါးနှုတ်ခမ်းတွေကအနားသပ်ထားတယ်

စူးရှတဲ့မျက်လုံးအကြည့်တွေက
ကျားသစ်မလိုပဲ.

လူတစ်ယောက်ကိုစိတ်ဝင်စားလို့
ကိုယ်ပိုင်လုပ်ငန်းရှိရဲ့သားနဲ့
ဒီထန်းယွဲ့ဆေးရုံမှာရှယ်ယာလာဝင်တာ..
သူကတော့ပိုင်မိန်ဟွာ..

လူတစ်ယောက်ကသူမရဲ့စိတ်ဝင်စားမှုတွေကို
အပိုင်သိမ်းသွားတယ်.
ချောမောတဲ့ယောကျာ်းတွေထက်မြက်တဲ့ယောကျာ်းတွေက
သူမကိုမြင်ရုံနဲ့ချစ်မိသွားကြတယ်

အဲ့လူကျသူမကိုသတိတောင်မထားမိတဲ့ပုံပဲ

ထန်းယွဲ့ဆေးရုံပိုင်ရှင်ရှင်းပြနေတဲ့အကြောင်းအရာတွေကို
မသိဘူး.အကျိုးအမြတ်ကိုလည်းစိတ်ထဲမရှိ
သူသိတာ.သူစိတ်ကိုသိမ်းသွားတဲ့သူ

ပျင်းရိဖွယ် အစည်းအဝေးကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းနေတယ်
ပုံမှန်ဆို သူမကသေချာနားထောင်ပြီး
ကွန်းပလိန်းတက်လေ့ရှိပေမဲ့
အခုတော့တော်တော်ကိုပြီးစေချင်နေပြီ

DEFINE! [COMPLETED]Donde viven las historias. Descúbrelo ahora