Episode -19 [ZawGyi]

4.9K 257 5
                                    

[ဇာတ်သိမ်း]

ပျော်ရွှင်မှုဆိုတာဘာလဲ
ရှောင်းကျန့်အတွက်ကတော့ပျော်ရွှင်မှုဆိုတာ ကံကောင်းခြင်းတခုပါပဲ။

စတင်တွေ့ဆုံတဲ့အချိန်ကစလို့
အခုထိဟာကံကောင်းခြင်းပဲ

စတွေ့ခဲ့တဲ့ကလေးသေးသေးလေးက
အောင်မြင်ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်နေပြီ

အင်း လက်တွဲဖော်လည်းရှိလောက်မယ်ထင်တယ်

ခြံသေးသေးလေးထဲစိုက်ထားတဲ့ဒေစီပန်းလေးတွေကို
ရေဖျန်းတယ်..

ပြီးတော့နေ့စဉ်တာဝန်တစ်ခုဖြစ်တဲ့
ရွာလေးကလူတွေရဲ့ကျန်းမာရေးကို
လိုက်စစ်ပေးရမယ်

အားလီနဲ့အားယွမ်ကို
ရွာသူကြီးဆီကနေမွေးစားလိုက်ကသေးတယ်
သူတို့ရဲ့မိဘတွေမတော်တဆသေဆုံးသွားခဲ့တာကြောင့်

ကလေးလေးနှစ်ယောက်နဲ့လူပျိုသိုးကြီး

စားသောက်ကတာမခက်ခဲပေမဲ့
တစ်နေကုန်အိမ်မှာမကပ်တဲ့ရှောင်းကျန့်ကြောင့်
အခက်အခဲကြုံနေရပြီ

ဘေးအိမ်ကအဘွားက ကလေးတွေကိုနေ့ဘက်ကြည့်ပေးပေမဲ့
ကြာတော့အားနာလာရတယ်

မိဘမဲ့ဂေဟာလည်းမပို့ရက်
စတွေ့ကတည်းကချစ်ဖို့ကောင်းတဲ့ကလေးလေးတွေ
နောက်တစ်ကြိမ်ပြန်တွေ့ရတဲ့အခါ
မစွန့်လွှတ်ရက်ပေဘူး

တစ်နေ့အရေးကြီးလူနာရှိလို့
ရွာထဲသွားရတယ်
အားလီနဲ့အားယွမ်ကို
အိမ်မှာငြိမ်ငြိမ်လေးနေဖို့
မှာခဲ့ပြီးတော့ပေါ့

ပြန်ရောက်တဲ့အခါကလေးနှစ်ယောက်မရှိတော့ပေ

"အားလီ!!!! အားယွမ်!!!!!"

"အဘွားကလေးတွေကိုတွေ့မိလား.."

"ကောင်လေးတစ်ယောက်ကလာခေါ်သွားတယ် "

"ဟော ဟိုမှာပြန်လာနေပြီ"

"ရှောင်ဦးဦး"

ပြေးလာနေတဲ့ကလေးနှစ်ယောက်ကို
ဖက်ထားလိုက်တယ်

"ဘယ်ကိုသွားနေကြတာလဲ"

"ဝမ်ဦးဦးက ရှောင်ဦးဦးဆီခေါ်သွားမယ်ဆိုလို့"

"ဘယ်သူလဲ ဝမ်ဦးဦးက"

DEFINE! [COMPLETED]Where stories live. Discover now