5

3K 289 40
                                    

Zawgyi

ခနတာလောက် ငေးကြည့်မိသွားပေမယ့်
ဒီ က ဘယ်သူမို့ လို့လဲ Cele အနေနဲ့ သိက္ခာကျအောင်
ငေးမနေ

"ဘာပြောမလို့လဲ "

"ငါတို့က အနောက်မှာ စီးရအောင် "

ဘာလဲ ဒီကလေးမက ဒီ့ ဖန်များလား မသိဘူး
Cele တစ်ယောက်ရဲ့ Confident က အပြည့်

"ဘာလဲ ဒီ့ ကို မှတ်မိတယ်ပေါ့
ဒီလောက် ရုပ်ဖျက်ထားတာတောင်မှ "

ကလေးမလေး က မျက်မှောင်တစ်ချက်ကျုံ့သွားသည်

"ဘာကိုမှတ်မိရမှာလဲ
ဒီမှာ ငါ့ အမေ က လူကြီးမို့လို့ ရှေ့ခန်းမှာ စီးခိုင်းဖို့
ငါတို့က နောက်မှာ စီးရအောင်လို့လာပြောတာ "

ရုပ်လေးနဲ့မှ မလိုက် စွာလိုက်တာ ဆိုတာ
မျက်မှောင်ကြီး ကျုံ့ပြီး ပြောနေလိုက်ပုံများ
ချစ်စရာမကောင်းပဲ ရိုက်ပစ်ချင်စရာ
ပြီးတော့ ဆက်ပြောလိုက်သေးတယ်

"ဘာရုပ်ဖျက်ထားတာလဲ
နေကာမျက်မှန်လေး တပ်ထားရုံလောက်နဲ့ ရုပ်ဖျက်တာတဲ့ "

ပြန်ပြောစရာ စကားရှာမရလို့သာ ငြိမ်နေလိုက်ရသည်
ပြီးတော့ နောက်မှာ ကလေးမလေးရဲ့ အမေဆိုသူ
အသက်ကြီးကြီး အဖွားအိုကို အားနာ၍သာ

ကိုယ့်ထက် ငယ်ပုံလည်းရတဲ့ ကလေးမဆီက
ခံလိုက်ရတာကို နဲနဲလေးမှ မကျေနပ်

မကျေမနပ်နဲ့ပဲ ကားနောက်ကို လိုက်သွားတော့
ဒီ Shock ရသွားသည် ။
ကားနောက်မှာ စီးရမယ်ဆိုလို့ အခန်းလေးတော့ပါမယ်
ထင်တာပေါ့ .. အဆိုးဆုံးဆိုရင် နဘေးမှာ
အကာအရံလေးတော့ ပါသင့်တာပေါ့ အခုတော့
ကားနောက်မှာ ကုန်တွေ အပြည့်တင်ထားပြီး
အဲ့ဒီကုန်တွေရဲ့ ထိပ်မှာမှ သစ်သားပြားလေး ထိုးထားသည် ။
အရှေ့မှာ ကိုင်စရာ တန်း တစ်ခုသာ ရှိပြီး
ဘေးမှာ ဘာ အကာအရံမှ ရှိမနေ

"မဟုတ်မှ .  ငါ အဲ့ဒီပေါ်မှာ စီးရမှာလား "

"အေး"

ကောင်မလေးက ဘာမှမထူးဆန်းသလို
လွှားခနဲ တက်သွားသည် ပြီးတော့ ကျကျနန ထိုင်နေသည်။

"ဘာလုပ်နေတာလဲ တက်တော့လေ မလိုက်ဘူးလား "

ဘေးဘီအကူအညီတောင်းသလိုကြည့်မိတော့
ဘယ်သူမှ ဒီ့ကို စိတ်ဝင်စားဟန်မတူ
ကားဆရာက စက်ပင်နိုးနေလေပြီ
ဒီ ဘဝ က နေ့ချင်း ညချင်းကို သာမာန်လူဖြစ်သွားတာပဲ

ဒီနှင်း (ဒီနှင်း )Where stories live. Discover now