15

3.3K 296 27
                                    

"ဖြူလုံးလေး သဘောက ဘယ်လိုလဲ "

"အင်း .. ချစ်တယ် "

မနှင်းဖြူလေး ရဲ့ ပါးမို့မို့ရဲရဲလေးဟာ
ဘယ်လောက်ချစ်စရာကောင်းလဲ ပြောခဲ့ဖူးပြီးသား
ပြီးတော့
အချစ်တွေရှိနေမယ့် မနှင်းဖြူလေးရဲ့ ပုံမှန်ထက် နီရဲနေမယ့် ရှက်ရဲရဲ မျက်နှာလေးကို အရမ်းမြင်ချင်ခဲ့ဖူးတယ် ။

တကယ်တမ်း တွေ့လိုက်ရတဲ့အချိန်မှာ
တွဲမြင်လိုက်တဲ့သူရယ် စကားသံရယ်ကြောင့်
ဒီနေရာကိုမှ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာပြီး
ဒီစကားကို ကြားလိုက်ရတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိသည် ။

မနက်ဖြန် Christmas နေ့မို့လို့
မနှင်းဖြူလေးက ဘုရားကျောင်းသွားပြီး အလုပ်တွေ ကူလုပ်နေတယ်ဆိုသောကြောင့် လိုက်လာခဲ့ရာက
ဘုရားကျောင်းဝင်းထဲက ချယ်ရီပင်အိုခြောက်အောက်မှာ
ရပ်နေတဲ့ မနှင်းဖြူ နဲ့ ထိုလူကို လှမ်းခေါ်မိခါနီးလေးမှာ
ကြားလိုက်ရတဲ့ စကားတွေ ပြုံးနေတဲ့ မျက်နှာတွေ

ဒီတစ်ခါတော့ တိတ်တဆိတ်လှည့်ပြန်သင့်ပြီ မဟုတ်လား
အလကားသက်သက် မနှင်းဖြူရဲ့ ဘဝလေးထဲ ဝင်ရှုပ်မိတာပဲ ။

"မေမေ ဒီတို့ပြန်ကြရအောင် "

"ဟင် ချက်ချင်းကြီး ဘယ်လိုဖြစ်လာတာလဲ "

ဘာမှပြန်မဖြေပေမယ့်
ဒီမျက်နှာမကောင်းတာမြင်ပြီး ဘာမှဆက်မမေးတော့

"မေမေ လေယာဉ်လက်မှတ် မှာထားလိုက်မယ်
ဒီနေ့တော့ ပြန်လို့ရအုံးမှာ မဟုတ်ဘူး "

ဒီရက်ပိုင်း မနှင်းဖြူ ကို မတွေ့ဖြစ်အောင် ရှောင်နေရမလား
ဒါမှမဟုတ် ဟန်ဆောင်ပြီးပဲ ပြုံးပြရမလား ဒီ မသိ
ဒီ သိတာက ခုချိန်မှာ အားလုံးရဲ့အဝေးကို ထွက်ပြေးချင်နေသည် ။ လောလောဆယ်တော့ ထွက်ပြေးစရာမြေ မရှိ

"မေမေ မနက်က ခေါင်ရည်တွေ ရှိသေးတယ်မှလား "

မနက်က မြို့ထဲကလူတွေ လာပို့ထားတဲ့
သက်တမ်းရင့် ခေါင်ရည် ချိုချဉ်ချဉ်ကို တစ်ခွက်ပြီး တစ်ခွက် ခေါင်းထဲမှာ ရီဝေဝေ ဖြစ်လာပေမယ့် အဆုံးစွန်အထိ
မေ့လို့ရနေတာမျိုး မဟုတ် ။
ဒါပေမယ့် ဒီလို ဖီလင်မျိုးက မဆိုးဘူးပဲ
ရီဝေဝေ အာရုံထဲမှာ တွေ့ချင်သူကို တွေ့နေရသည် ။

ဒီနှင်း (ဒီနှင်း )Where stories live. Discover now