12

2.7K 247 7
                                    

"မေမေ"

မနှင်းဖြူတို့ အခန်းရှေ့ထိ ပြန်လိုက်ပို့ပေးပြီးချိန်မှာတော့
အခန်းထဲဝင်ပြီး မေမေ့ရှေ့မှာ ကလေးတစ်ယောက်လို
ငိုကြွေးနေမိသည် ။

"ဒီလေး .. ဘာဖြစ်လာတာလဲ ဟင်
မေမေ စိတ်ပူလိုက်တာ "

"ဒီဒီ အကုန်သိသွားပြီ
ငယ်ငယ်က အကြောင်းတွေ "

မေမေ က နွေးထွေးစွာ ပွေ့ဖက်လာသည် ။
ကျောပြင်ကိုလည်း ခပ်ဖွဖွ ပွတ်သပ်ပေးနေသေးသည် ။

"ဘာလို့ ပြောမပြခဲ့တာလဲဟင် "

"ဒီလေး က ငယ်ငယ်လေးတုန်းက
မနှင်းဖြူလေးကို သေအောင် လုပ်ခဲ့မိတယ်ဆိုပြီး
ကိုယ့်ကိုကိုယ် အမြဲ အပြစ်တင်စိတ် နဲ့ နေနေတာလေ
မနှင်းဖြူလေး ခွင့်လွှတ်ရင် ဒီ့ဆီ ရောက်လာလိမ့်မယ်ဆိုပြီး
အိမ်ရှေ့မှာ ထွက်ထွက်မျှော်နေတတ်လို့
စိတ်ရောဂါလိုမျိုးတောင် ဖြစ်နေခဲ့တာလေ
တစ်ရက် ရန်ကုန်မှာ ထူးထူးဆန်းဆန်း အရမ်းအေးပြီး
နှင်းတွေကျတဲ့နေ့တုန်းကပေါ့ အိမ်ပြင်မှာ
မနှင်းဖြူလေးကို ထွက်မျှော်ရင်း ဒီလေး အအေးမိပြီး
အပြင်းဖျားခဲ့တယ် အဲ့ဒီနောက် အကုန် မေ့သွားတာပဲ "

စကားတွေအများကြီး ပြောပြနေလျက်က မောသွားဟန်ဖြင့် သက်ပြင်းလေး ခပ်သာသာ ချသည် ။

"မေ့သွားတာကိုပဲ အကောင်းလို့ ထင်ခဲ့ပြီး
ဒီအတိုင်း ပြန်မကုတော့ပဲ ထားခဲ့တာ
ဒီလေးက မနှင်းဖြူကို မရှာတော့တာကလွဲရင်
ပိုဆိုးလာတယ် ... ခနလေး ပိုဆိုးလာတယ် ဆိုတာက
မေမေ ပြောချင်တာ ဒီလေးက မလိမ္မာဘူး အဲ့လို
မဟုတ်ဘူးနော် .. ပိုပြီးတော့ အထီးကျန်လာတယ်
စကားတွေပိုနည်းလာတယ် .. အဲ့လိုမျိုး မြင်နေရတာ
မေမေ စိတ်မချမ်းသာခဲ့ဘူး
ငယ်ငယ်ကဆို ဒီလေးက အရမ်းသွက်တာလေ "

မေမေ့ ရင်ခွင်ထဲကနေ မေမေ ပြောသမျှကိုသာ
လိုက်နားထောင်နေမိသည် ။ ဒါတွေက ဒီ မသိခဲ့တဲ့အခြမ်း

"နောက်တော့ ဒီလေးမှာ သူငယ်ချင်းရှိလာတယ်
ဝတ်မှုံလေး .လေ ။. မေမေ အရမ်းပျော်ခဲ့တယ်
အဆုံး ဒီလေး က အဲ့ကလေးမ ကို စိတ်ဝင်စားပြီး
လက်ထပ်ချင်နေတာက အစ မေမေ သိတယ်
ဒါပေမယ့် ဘာမှမပြောခဲ့တာက ဒီလေး ပျော်နေတယ်လို့
မေမေထင်ခဲ့လို့  ဒါပေမယ့် အဲ့ကလေးမက ...... "

ဒီနှင်း (ဒီနှင်း )Where stories live. Discover now