အနီရောင်တွေပြည့်နေတဲ့ ခန်းမကြီးထဲ
အဖြူရောင် သတို့သမီးတစ်ယောက် ဝင်လာပုံက
လှပလွန်းနေသည် ။ ကဗျာတစ်ပုဒ်လို နူးညံ့လွန်းသည်။အဖြူရောင်ဆိုမှ တကယ့်အဖြူရောင်
ဝတ်စုံကလည်း အဖြူရောင်ဂါဝန်အရှည်နဲ့
အသားအရေကလည်း ဖြူဆွတ်နေတာက နှင်းလုံးလေးလို
ပါးပြင်နီရဲရဲလေး နဲ့ နှုတ်ခမ်းရဲရဲလေးသာ ရှိမနေရင်
အဖြူရောင် ပဝါစလေး လွှင့်လာသလိုပဲ ထင်မိကြမှာ ။ခန်းမကြီးကတော့ တကယ့်အနီရောင်
ပန်းစည်းတွေမှာ စည်းထားတဲ့ ဖဲကြိုးစတွေ
စားပွဲခင်းတွေ ၊ လျှောက်လမ်းမှာခင်းထားတဲ့ ကော်ဇောတွေ အကုန် အနီရောင်တွေချည်းသာ
ပြီးတော့ ပန်းကြဲတဲ့ ကလေးမ လေးတွေက အစ
နှစ်ဖက်မိဘတွေအဆုံး ဝတ်ထားကြတာလည်း
ရိုးရာဝတ်စုံ အနီရောင် တွေ"လှလိုက်တာ"
အဲ့ဒီအနီရောင်တွေထဲမှာ
ဖြည်းဖြည်းချင်း လျှောက်လာနေတဲ့ အဖြူရောင်
သတို့သမီးလေးကိုပဲ လှလိုက်တာ လို့ ငေးကြည့်လို့ မဝသတို့သားဖြစ်သူကလည်း မဆိုးပါဘူး ခန့်ညားတာပါပဲ
သတို့သမီးဖြစ်သူကို အကိုဖြစ်သူက တွဲလာပြီးမှာ
ခန်းမရဲ့ Stage ပေါ်မှာ အတူတွဲရပ်နေစေသည်။
ပြီးတော့
ဘုရားသခင်ရှေ့မှာသစ္စာဆိုတိုင်တည်နေကြသည် ။"အို .. ကြည်နူးစရာ ကောင်းလိုက်တာ"
တကယ်က
သူတို့ သစ္စာဆိုနေကြတဲ့ ဘာသာစကားကို နားလည်၍မဟုတ် ဘေးက တစ်ယောက်က ဘာသာပြန်ပြနေတာကို
လိုက် ဖီးလ်နေခြင်း ဖြစ်သည် ။ပြီးတော့ သတို့သားက
သတို့သမီးရဲ့ မျက်နှာပေါ်မှာ ဖုံးအုပ်ထားတဲ့
အဖြူရောင် ပဝါစလေးကို ခပ်သာသာလေး ဆွဲဖယ်လိုက်သည် ။
အဲ့ဒီအချိန်မှာပဲ ဒီ့ တစ်ကိုယ်လုံး အေးစက်သွားသည်။"မနှင်းဖြူ"
ဒီ့နှုတ်ဖျားကနေ မယုံကြည်နိုင်စွာ ရေရွတ်လိုက်တာကို
ဘေးက တစ်ယောက်က"သတို့သမီး နဲ့ ခင်တာလား
အရမ်းလှတယ်နော် သူမက "ဟုတ်ပါရဲ့
အဖြူရောင် နှင်းပွင့်လေးလို လှရက်လွန်းနေတဲ့
သတို့သမီးလေးကို ကြည့်ရင်း မျက်ရည်တွေ ကျလာသည်။ ဘေးက သတို့သား နေရာမှာ ဘာလို့ ဒီ မဖြစ်ရတာလဲ