တောင်အကွေ့တွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်ပြီးနောက်
တောင်ပေါ်မြို့လေးရဲ့ ဆိုင်းဘုတ်ကို မြင်နေရပြီ
ကားလေးကလည်း တုံ့ခနဲ ရပ်သွားသည် ။
ညနေပိုင်း ရောက်ပြီမို့ထင်ပါရဲ့ လေတွေကလည်း အေးလို့မြူတွေကလည်း ပိန်းပိတ်မနေပေမယ့်
အနည်းငယ် ဝေဝေဝါးဝါး .. မြူတွေကြားက ဆိုင်းဘုတ်လေးက ကြိုဆိုနေသည် ။လေရှီးမြို့
"ရေး .. ရောက်ပြီပေါ့ "
ပြုံးဖြီးသွားတဲ့ မျက်နှာကြီးမှာ
စိတ်ဆင်းရဲစရာ အခြေအနေက လွတ်မြောက်သွားသူလို
အားရ ဝမ်းသာခြင်းတွေ အပြည့် ။ကားပေါ်က ဆင်းတော့ မေမေ က
ကောင်မလေးရဲ့ အမေဆိုသူ နဲ့ စကားတွေပြောနေလေသည် ။ ခင်တတ်လိုက်တာ"သူလေး က ဒီလေး လား ဒေါက်တာ "
ဒီ့ဘက်ကို ပြုံးကြည့်ရင်း ပြောလာတဲ့ စကားတွေမှာ
ရင်းနှီးမှုတွေ အပြည့် ။
အရင်ကတည်းက သိကျွမ်းဖူးတဲ့သူတွေလိုမျိုး
ဒီလည်း အလိုက်အထိုက်ပြန်ပြုံးပြလိုက်သည် ။
မေမေ က ဒီ့ကို ကျော်ပြီး ဒီနောက်မှာ ရပ်နေတဲ့
ကလေးမလေးကို ပြုံးကြည့်ကာ"သူက မနှင်းဖြူလေးပေါ့နော် "
"ဟုတ်တယ်လေ ဒေါက်တာရဲ့ "
"ကြည့်ပါအုံး အချိန်တွေကုန်တာ မြန်ချက် "
ကလေးမလေး ကိုကြည့်လိုက်တော့
သူ့လိုပဲ အူကြောင်ကြောင် ရပ်ကြည့်နေသည် ။" မနှင်းဖြူ " တဲ့
နာမည်လေး က ရင်းနှီးနေသလို ရှိပေမယ့်
ဒီလောက် ရှေးဆန်တဲ့နာမည်မျိုး အသိထဲမှာ မရှိတာအမှန်"မေမေ က သူတို့နဲ့ ဘယ်လိုသိတာလဲဟင် "
ဒီ ရဲ့ အူကြောင်ကြောင်အမေးကြောင့်
အဖွားအိုက အံ့ဩသွားဟန်ဖြင့်"ဒီလေးက မမှတ်မိတော့ဘူးပေါ့
မနှင်းဖြူကတော့ ငယ်သေးပေမယ့် ဒီလေးက .. "မေမေ က ဘာမှပြန်မပြောပဲ ပြုံးရုံသာပြုံးနေခဲ့ပြီး
နောက်ထပ် စကားခေါင်းစဉ်တစ်ခုကို ပြောင်းသည် ။"ထမင်းစားကြရအောင်လေ "
"မေမေ"
ဒီလည်း အရမ်းသိချင်နေတာမို့ အစဖော်လိုက်တော့
မေမေက စကားတစ်ခွန်းသာ ပြန်ပြောသည် ။
ဟိုကလေးမကတော့ ဘာမှ ဝင်မပြောပဲ တိတ်လွန်းနေသည်။ ပြီးတော့ ဒီ နားလည်လို့မရတဲ့ စကားကိုလည်းပြောသည်။