16

5.6K 376 49
                                    

ဗုဒ္ဓဘသာဝင်တစ်ယောက်အနေနဲ့
Christmas နေ့ဆိုတာ သိပ်အထူးအလည် မရှိခဲ့တာ
ဒီ့ သက်တမ်းတစ်လျှောက်လုံးပဲ ။
ဒါပေမယ့် အခု Christmas ကတော့ ဒီ့အတွက်
တကယ့် လှပတဲ့ memory လေးတစ်ခုဖြစ်နေမှာ အသေအချာပါပဲ ။

Christmas နေ့ရဲ့ မနက်ခင်းက
သာမာန်နေ့တွေထက် နှင်းတွေပို သိပ်သည်းနေသည် ။
တောင်ကုံးလေးပေါ်မှာ ရှိတဲ့ Church ကျောင်းကြီးကို
နှင်းမှုန်တွေကြားကတောင် လှမ်းမြင်နိုင်သည် ။
ရိုးရာ ခြုံတဘက် အနီရောင်လေးတွေနဲ့ နာဂမိန်းမပျိုလေးတွေက ပိုပြီးတော့ အသက်ဝင်လှပနေသည် ။

"ဒီလေး "

"ဟင် .. ဘာလဲ "

"နှာဘူးထတယ်နော် တအားပဲ "

နှာခေါင်းလေး ရှုံ့ကာ ပြောနေတဲ့ ချစ်သူလေးကြောင့်
ကျန်တဲ့ အလှအပတရားတွေ အကုန်မေ့သွားရသည် ။

"ဒီ့ ကို သဝန်တိုတာပေါ့ ဟုတ်လား "

ရှုံ့နေတဲ့ နှာခေါင်းလေးကို အသည်းယားလွန်းစွာ
ခပ်ဖွဖွ ဆွဲညှစ်ရင်း ချစ်စနိုးပြောတော့လည်း မငြင်း

"အင်း . သဝန်တိုတယ် မကြည့်နဲ့ "

"အွန်း မကြည့်တော့ဘူး
မနှင်းဖြူလေးကို ကြည့်နေတော့မယ် ဟုတ်ပြီလား "

လက်ဖဝါးချင်း ဆုပ်ကိုင်ပြီး မျက်နှာလေးကို
ငေးကြည့်ရင်းပြောတော့ သဘောတကျ ရယ်နေသည် ။
ရယ်လိုက်ရင် ဖောင်းတက်တဲ့ အဲ့ ပါးမို့မို့လေးတွေကို
အသည်းယားတိုင်းသာ ဆွဲညှစ်ပစ်ရရင်တော့ နာမှာပဲ

"လမ်းကိုလည်း ကြည့်အုံး
ခလုပ်တိုက်အုံးမယ် "

"နည်းနည်း Over ဖြစ်သွားလားဟင် "

"အင်း "

ဘုရားကျောင်း လိုက်တက်သည် ။
ဘုရားသခင် ကို အားနာမိလောက်အောင်ပဲ
ဒီ ကတော့ မနှင်းဖြူကိုသာ ကြည့်နေခဲ့သည် ။

"ဒီလေး တော်ပြီ အဲ့လောက်ထိ မကြည့်နဲ့
မမြင်ဖူးတာလည်း မဟုတ်ဘူ ရှက်လာပြီ "

မနှင်းဖြူကတော့ ခပ်ကြိတ်ကြိတ် လှမ်းဆူသည် ။

"အာ့ဆို တခြား အပျိုလေးတွေ လိုက်ကြည့်ရမလား "

ဒီနှင်း (ဒီနှင်း )Where stories live. Discover now