Note* ခဏခဏunတာမဟုတ်ပါဘူး။ စာလုံးပေါင်းလေးတွေပြန်စစ်နေလို့ပါ။ အနှောက်အယှက်ဖြစ်သွားရင် sorryပါ။ လိုက်ပါခံစားပေးကြပါအုံး^-^
Unicode
သွေးသံတရဲရဲနဲ့ထိုမိန်းကလေးမှာ အလွန်သနားဖွယ် ကောင်း၏ ။
သို့သော်...သူ့ကိုမည်သူမှမသနားပါ ဘာလို့လဲ?
သူမဟာ အလွန်ကိုဆိုးဝါးတဲ့မိန်းသမီးလေးပါ။ အစေခံတွေ၊ကိုယ့်ထက်ရာထူးနိမ့်တဲ့သူတွေကို အပြစ်မရှိအပြစ်ရှာရိုက်တယ်၊သတ်တယ်။ သူ့ခင်ပွန်းလောင်းတောင်သူမကိုမသနားပါ။ မချစ်ပါ။"ရှင်းနာ(Shin Nar) ငါ့ကလေးကိုကယ်ပေးပါ အုံး သူတို့ငါ့ကလေးကိုသတ်တော့မယ်"
ပြောရင်းဖြင့်သူမဗိုက်လေးကိုဖွဖွလေးထိလိုက်သည်။
"အို .. အစ်မတော်မှာကိုယ်ဝန်ရှိနေတာလား"
"ဟုတ်တယ် ညီမတော် အစ်မတော်ကိုကယ်ပါအုံး သူတို့ .. တွေလာတော့မယ်"
"ဟား ဟား အရမ်းကိုတုံးတဲ့အစ်မတော်ရေ အစ်မနောက်ကိုလိုက်နေတဲ့သူတွေက ဟော့ဒိ့ကချစ်ညီမလေးလွှတ်လိုက်တာ ပြီးတော့လေ အစ်မအသက်တမျှချစ်ရတဲ့ ယောကျာ်းကိုလဲ ဟော့ဒိချစ်ညီမလေး အပိုင်ကြံပြီးပြီ အို သိပ်မစိုးရိမ် ပါနဲ့ ဒီကညီမကကောင်းကောင်းဂရုစိုက်ပေးမှာပါ ကဲ အစ်မတော် ကောင်းကင်မှာ အစ်မရဲ့မမွေးရသေးတဲ့ ကလေးလေးနဲ့ အတူနေလိုက်ပါတော့နော် ညီမတော် အစ်မကို အဆုံးသတ်ပေးမယ်"
"နင်..နင်..ငါ့ကိုဘာလို့ဒီလိုလုပ်ရတာလဲ ဟမ်!"
"အို အစ်မတော်အသံကခတ်ထန်လိုက်တာ ဘာလို့လဲ ဟုတ်လား အစ်မတော်က ပဏာမမိဖုရားကြီးကမွေးတယ် ညီမတော်ကတော့ ကိုယ်လုပ်တော်ကမွေးတယ်။ အစ်မတော်မှာသိပ်
ချစ်စရာကောင်းတဲ့မျက်နှာလေးပိုင်ဆိုင်ထားပေမဲ့ ညီမတော်မှာတော့ဖြင့် အဟင့် သာမာန်မျက်နှာလေးပဲရှိတယ်။ အစ်မတော်ရဲ့စကားကအမိန့်ဖြစ်နေချိန်မှာ ညီမတော်ရဲ့စကားကတော့ဟာသဖြစ်နေတယ်။ အစ်မတော်ကမြိုးရိုးမြင့်တဲ့ယောကျာ်းနဲ့ပေါင်းဖတ်နိုင်ချိန််မှာညီမတော်မှာတော့ဘယ်သူ့ရဲ့ကိုယ်တော်ဖြစ်မှန်းမသိဖြစ်ရမယ်။ ပြောစမ်းပါအုံး ဒီလောက်ဆို အစ်မတော်ကို မုန်းလို့ရပြီလား ဟမ်! တကယ်တော့ အစ်မတော်က တော်တော်တုံးတာပဲ အစ်မတော်ချစ်ရတဲ့သူကလေ အစ်မတော်သိပ်ရမ်းကားလွန်းလို့ အစ်မတော်ကိုဘယ် တုန်းကမှမချစ်ခဲ့ဖူး။ လက်ထပ်တယ်ဆိုတာကလဲ အစ်မတော်ရဲ့ခမည်းတော်ကိုမလွန်ဆန်နိုင်လို့ပဲ အင်း အခုတော့ အစ်မတော်ရဲ့ခမည်းတော်ကိုလဲ ညီမတော် ကောင်းကင်ကိုပို့ပေးပြီးပြီဆိုတော့ အစ်မတော်နဲ့အစ်မတော်ရဲ့ကလေးအလှည့်ပေါ့"
YOU ARE READING
Rebirth Of So Hwar (Completed)
Historical FictionUnicode ငါ့ကိုဘုရားသခင်ကပြန်လည်မွေးဖွားခြင်းဖြင့် ဒုတိယအခွင့်အရေးပေးလိုက်တယ် ။ ငါပြန်မွေးဖွားလာတဲ့အချိန်မှာ ဘယ်သူ့ကိုမှ တူညီတဲ့ကောက်ကျစ်မူမျိုး ငါ့ကိုမကြံနိုင်အောင် ငါကြိုးစားမယ် ပထမတစ်ခါငါခံစားခဲ့ရသလို နင်တို့တွေ ဆယ်ဆမက ပြန်ခံစားစေရမယ် !! ငါ့ကိုအသက...