Episode 2 (U)

4.6K 596 7
                                    

" ဘယ်သွားဦးမလို့လဲ ဒါက "

အပြင်ထွက်တော့မယ့် ရှောင်းကျန့် ခြေလှမ်းတွေ ကုပ်သွားတယ် ။

" အဲ.. ဒီ.. ဒီနား.. "

" မင်းအဖေ ဒီလထဲ တစ်ခေါက် ပြန်လာလိမ့်မယ် "

ပျားရည်ပုလင်း အဖုံးဖွင့်နေရင်း ပြောတဲ့ မေမေ့စကား အဆုံးမှာ ရှောင်းကျန့် ခေါင်းထဲ မိုးကြိုးပစ်ချသွားတယ် ။

" ပြောတော့ နောက်လမှဆို !! "

" မဟုတ်ဘူး ဒီလထဲ တစ်ခေါက် ပြန်လာဦးမှာတဲ့.
အခြေအနေတွေ မကောင်းဘူး လျှောက်မသွားနဲ့ "

ဟာာာာာ ... ဘာလို့လဲ !!

" မေမေ....... "

" ..... "

" မေမေလို့...... "

" တံခါးကို မစီးနဲ့
ကလေးလည်း မဟုတ်တော့ဘူး "

သူ့ရဲ့ သံရှည်ဆွဲပြီး ဂျီတိုက်နေမှုကို မေမေက ဟင်းချက်မပျက် တစ်ခွန်းပဲ ဆူတယ် ။

ဖေဖေ ပြန်လာရင် သေနတ်ပစ်တွေ ပြန်သင်ရမှာ ။
သူ မသင်ချင်ဘူး စိတ်ညစ်လိုက်တာ ...

" မေမေ ကျွန်တော် အဲ့ဒါတွေမသင်ချင်ဘူး "

" မဆိုးနဲ့
မင်းအဖေက ဘာဖြစ်စေချင်တာလဲ သိရက်သားနဲ့ "

ဒါပေမယ့်...

" အသက် (၂၀) မှ ဆိုလို့လည်း (၂၀) ပြည့်တဲ့ အထိ စောင့်ပေးထားပြီးပြီ ..
အခု ဘာတွေဖြစ်နေကြလဲလည်း မြင်နေတာပဲကို .. "

ဒါပေမယ့်.. ကျွန်တော်က...

" အခု အပြင်သွားမလို့ မလား
သွား မိုးမချုပ်ခင် ပြန်ခဲ့ "

ကောင်းရောပဲ ..

(၁၉) နှစ်သားလေးရဲ့ ‌ခြေလှမ်းတွေဟာ ဆောင့်ဆောင့်အောင့်အောင့်နဲ့.. ။

_

ရှောင်းကျန့် နေ့တိုင်း အပြင်ထွက်တယ် ။

ဒါပေမယ့် သူငယ်ချင်းလည်း မရှိပါဘူး...
သူတစ်ယောက်တည်း ။

ကမ်းခြေဘက်ကို လျှောက်တယ်..

စက်လှေတွေကို ကြည့်တယ်.. ငါးဖမ်းသမားတွေကို ကြည့်တယ် ..

ဖေဖေ့စကားတွေက ခေါင်းထဲ ဝင်လာတယ်။ အာရှသားတွေက မကောင်းဘူး..

You are my Hiroshima [一战]Where stories live. Discover now