" လမ်းထိပ်မှာ ဆိုင်းဘုတ်အနီ ရှိတယ်ဆိုတော့ ကမ်းနား ဘယ်ဘက်အခြမ်း မလား "
" မဟုတ်ဘူးလေ ဒီဘက် ဒီဘက် ..
ဆိုင်းဘုတ်က အနီပဲ သံလား ဘာနဲ့လဲ မသိဘူးလုပ်ထားတာ "" အဲ့ဘက်ဆိုတော့ ဘယ်ဘက်အခြမ်းပဲလေ..
အနီရောင်တိုင် ထောင်ထားတာလည်း အဲ့တစ်လမ်းပဲ ရှိတာ .. "" အော်.. မသိဘူးလေ "
" ကြောင်တောင်တောင်နဲ့ "
စိတ်မရှည်တဲ့လေသံကြောင့် သူကုပ်သွားရတယ်။
သူ့ကို အိမ်ပြန်ပို့ပေးနေလို့သာပေါ့ ..
မဟုတ်ရင် တစ်ခုခု လုပ်လိုက်ပြီ ..တကယ်တော့ အခုနေ ဒီကောင်လေးကို ရှာတွေ့တာ ကံကောင်းမှု အကြီးကြီးပဲ ။
ဒီလမ်းတွေက မသန့်ဘူး..
မှောင်တဲ့အပြင် ဗွက်တွေနဲ့ ..
ညစ်ပတ်နေတာပဲ ။လမ်းချိုးတွေကလည်း အများကြီး ။
လေကတော့ ဖြေးဖြေးအေးအေး တိုက်နေတုန်းပဲ..
ဘေးက တိတ်ဆိတ်နေတဲ့ ကောင်လေးကို ရှောင်းကျန့်.. မသိမသာ စောင်းကြည့်လိုက်တယ်။
ဖြူဥနေတဲ့ အသားအရေပေါ်မှာ ချေးကွက်လေးတွေနဲ့..
တကယ်တော့ ချေးကွက်မဟုတ်ဘူး ။
ဘယ်လို ပြောရမလဲ..ရေချိုးရုံနဲ့ ပြောင်သွားမယ့် ခပ်ညစ်ညစ် အကွက်လေးတွေ..
မျက်လုံးစူးစူးနဲ့..
နှုတ်ခမ်းတွေက ခပ်တင်းတင်း..ဒီအရပ်ပုပု ကောင်လေးက သေချာပေါက် သူ့ထက်ငယ်မှာပဲ ။
ရှောင်းကျန့်က အခုမှ တစ်ခုခုကို သတိရသွားသလိုနဲ့ ..
" မင်း နာမည် ဘယ်လိုခေါ်လဲ မပြောရသေးဘူးနော်..
ငါက Sean Xiao.. "သူ လှမ်းလိုက်တဲ့ လက်ကို ဂရုမစိုက်ပဲ..
" ဝမ်ယိပေါ် .. "
" ဘာရယ် ? "
" ဝမ်ယိပေါ်လို့ .. ကျွန်တော့်မှာ အဲ့ဒီနာမည် တစ်မျိုးပဲ ရှိတယ် ထပ်မမေးနဲ့ "
မမေးနဲ့ဆိုရင် ပိုသိချင်လာတာက လူတွေရဲ့ အလုပ်။
အဲ့ဒီတော့ ရှောင်းကျန့်ရဲ့ သိချင်စိတ်တွေဟာ တတိတိတက်လာတယ် ..