စျေးထဲမှာ ထုံးစံအတိုင်း အသံတွေ ဆူညံနေတယ် ။
လူတွေ၊ စက်ဘီးတွေ ..
နောက်ပြီး စျေးသည်တွေ .. ။အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေပေမယ့် ထူးခြားတာက သူတို့နှစ်ယောက် ဖြစ်နေခဲ့တယ်..
အရင်ကလို တွန်းထိုးပြီး စကားတွေ ဖောင်ဖွဲ့ နေတာမျိုး မဟုတ်တော့ပဲ နှစ်ယောက်စလုံးဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့.. ။
ရှောင်းကျန့် ပြန်ရတော့မှာမို့လို့ ဖြစ်နိုင်သလို လှေလှော်ထွက်ကြတဲ့ ညက အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။
" ယိပေါ် ခဏလေး .. "
" ဟင် ဘာလဲ "
" ဒီမှာ .. "
သူ နံရံမှာ ကပ်ထားတဲ့ ပိုစတာကို လက်ညိုးထိုးပြလိုက်တယ်. ဒီအကြောင်းကို သိချင်နေတာ တစ်ဝက်၊ စကားမရှိ စကားရှာချင်နေတာ တစ်ဝက်နဲ့.. ။
" ဒါက ဝယ်မယ်ဆို ဘယ်လောက်ရှိလဲဟင် "
တစ်ချိန်က သူ တွေ့ခဲ့တဲ့ ပိုစတာပေါ်က ကီမိုနို ပန်းရောင် လေးက အရောင်လဲ့နေခဲ့တုန်းပဲ.. ။
" ကီမိုနိုကို ပြောတာလား "
" အင်း "
" သူက ကိုယ်နဲ့တိုင်းပြီး ချုပ်တာလည်း ရှိတယ်.
ဝယ်တာလည်း ရှိတယ်. ကိုက်များရင် များသလိုပေါ့..
ပြီးတော့ အသားပေါ် မူတည်ပြီးလည်း ကွာတယ် "" ဝယ်မယ်ဆို အနည်းဆုံး ဘယ်လောက်လောက် ရှိလဲ "
" မပြောတတ်ဘူး ..
၁၅၀ / ၂၀၀ လောက်တော့ ရှိမယ် ထင်တာပဲ "" အော် ..
ဒါနဲ့ ငါ့ကို လက်ဆောင်တစ်ခုခု ပေးချင်ရင် အားမနာနဲ့နော် သိလား "" ...... "
" ဟီး နောက်တာ..
လာပါ .. ဆက်သွားရအောင် နောက်ကျနေတော့မယ် "သူက ပုခုံးချင်းတိုက်ပြီး ရယ်ကျဲကျဲနဲ့ နောက်ရုံနောက်လိုက် ပေမယ့်..
သူ့မျက်ဝန်းညိုညိုတွေထဲ ယိပေါ် တော်တော်ကြာ
ငေးစိုက်ကြည့်နေမှန်း ရှောင်းကျန့် သတိမထားမိခဲ့ .. ။_
အိမ်ပြန်ဖို့ တစ်လတောင် လိုသေးတာကို မေမေက အငြိမ်မနေနိုင်ဘူး ။ ဖင်တကြွကြွနဲ့..
ဟို ပစ္စည်းသိမ်းလိုက် ၊ ဒီပစ္စည်းသိမ်းလိုက် ..