(Suggest song - Sayonara Daiskina Hito)
၁၉၄၀ ၊ ဇူလိုင် ၂၇ ။
၁၇:၀၀ ။ကောင်းကင်မှာ ကြယ်ရောင်စုံတယ်
ထုံးစံအတိုင်းပဲ လရောင်က လင်းတယ်သူတို့ နှစ်ယောက်ရဲ့ ကောင်းကင်ကတော့ နွေရာသီဖြစ်ရက် နဲ့ပဲ မှိုင်းညို့နေခဲ့ရပါတယ် ။
" ဘာလို့ လာမနှုတ်ဆက်တာလဲ
ဒီနေ့ ပြန်ရတော့မှာ သိရက်သားနဲ့ .. "ယိပေါ်က တစ်ခုခုကို ခဏခဏ မြိုချနေတာကြောင့်
သူ့လည်စလုပ်ဟာ လှုပ်ရှားနေတယ် .
မျက်ရည်တွေလား တံတွေးလား .. တစ်ခုခုပေါ့ .. ။
ရှောင်းကျန့်မျက်လုံးထဲမှာတော့ မျက်ရည်စတွေက အစီအရီ သီဝေ့နေခဲ့ပြီ .. ။ရက်သုံးဆယ်ရှိတဲ့ အချိန်တစ်လဟာ သူတို့ဆီကနေ လေပြေလိုပဲ ဖြေးဖြေးချင်း လွင့်ပြယ်သွားခဲ့တယ် .
မနက်တည်းက ယိပေါ်ကို စောင့်နေခဲ့ပေမယ့် မရောက်လာတဲ့အဆုံး သူကပဲ လိုက်လာရတော့တာပဲ ..
ယိပေါ်က ပင့်သက်တစ်ချက် ရှိုက်လိုက်တယ် .
" ကျွန်တော့်ကို ကတိပေး ..
ခင်ဗျားသဘောနဲ့ ခင်ဗျား မဟုတ်ပဲ လေတပ်ထဲ ဘယ်တော့မှ မဝင်ပါဘူးလို့ .. "ဝမ်ယိပေါ်ဟာ သူ သွားရခါနီးမှာ အဲ့ဒီကတိကိုပဲ အထပ်ထပ် တောင်းတယ်.
ဘာပြောရမှန်း မသိဘူး ..
သူ ခေါင်းပဲငြိမ့်ပြလိုက်မိတယ် .." ..ခင်ဗျား ပြုံးလိုက်ရင် လှတယ်ဆိုတာ မှတ်မိလား
သဘောမကျတာတွေ လုပ်ရရင် ခင်ဗျားပျော်မှာမဟုတ်ဘူး ..
ကျွန်တော်က ပြန်တွေ့ရင် ခင်ဗျားပြုံးနေတာကိုပဲ မြင်ချင်တာ .. "သူ မျက်ရည်တွေကျလာမှာစိုးလို့ နှုတ်ခမ်းကို အမြန်ဖိကိုက်လိုက်ရတယ် ။
ရင်းနှီးတယ်ဆိုတာက အချိန်အတိုင်းအတာတွေနဲ့ ဆိုင်ရဲ့လား ..
တစ်စုံတစ်ယောက်ကို ပျော်စေချင်တယ် ဆိုတာကရော ..
သဘောကျတာရော ..
နောက်ပြီး ........... ။
အဲ့ဒါဟာ အချိန်ကာလ တစ်ခုကြာမှ ဖြစ်ခွင့်ရမယ့်အရာတွေဆိုရင်တော့ သူတို့နှစ်ယောက်လုံး ရူးနေကြတာပဲ ဖြစ်ခဲ့ပါ
လိမ့်မယ် .. ။