" ဆိုတော့ .. အဲ့ဒါက Takao ပေါ့ .. "
" ဟုတ်တယ်. ဒါပေမယ့် ဝမ်ယိပေါ်ပဲ ကောင်းတယ် "
Wang Yibo .. ။
Takao.. ။သူ သံယောင် လိုက်ကြည့်လိုက်တယ် ..
တကယ်ပဲ ဝမ်ယိပေါ် ဆိုတာက ပိုခေါ်လို့ ကောင်းတယ် ..
သူ့ကို လာရှာလို့ ရတယ် ဆိုတဲ့ ကောင်လေးက စကားအတိုင်းပဲ ကမ်းနားမှာ ရှိနေခဲ့ပါတယ် ။
သူကလည်း ပျင်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သွားရှာဖြစ်ခဲ့တယ် ..
အခုတော့ နှစ်ယောက်လုံးရဲ့ ခြေထောက်တွေက သဲထဲမှာ ..
ဒါက အပန်းဖြေစရာ ကမ်းခြေ မဟုတ်လို့ ကမ်းနဲ့ မလှမ်းမကမ်း သဲပုံပေါ် တက်ထိုင်နေကြတာ ..
နောက်ပြီး ကမ်းစပ်မှာက စက်လှေတွေ၊ ကုန်အတင်အချနဲ့ အလုပ်ရှုပ်နေကြတာမို့..
သူတို့သွားထိုင်ရင် ဆဲခံရမှာ အသေအချာပဲ .." ..မင်းက မနေ့က ဟိုဘက်ကို ဘာလာလုပ်တာလဲ "
" ပစ္စည်း လာပို့တာပါဆို .. "
စကားကို နှစ်ခါ မပြောချင်တဲ့ ဝမ်ယိပေါ်က နေရောင်စူးစူးကြောင့် မျက်မှောင်ကြီး ကုပ်လို့..
ကိုယ်ပေါ်မှာ ချေးကွက်လေးတွေ မရှိတော့ပေမယ့် အင်္ကျီအဖြူလေးကတော့ မသိမသာ ညစ်ပတ်နေတုန်းပဲ..
လေအဝေ့မှာ သူ့ဆံပင်တွေက တလွင့်လွင့်..
" မင်းမှာ အလုပ်က ဘယ်နှမျိုးတောင် ရှိနေတာလဲ
ဟိုးတစ်နေ့ကကျ ပိုက်ကွန်လှမ်းနေတာ ငါးဖမ်းမလို့ မလား "" ပိုက်ကွန်က အဘိုးဟာပါ..
ကျွန်တော်က ဈေးထဲက ဆိုင်တွေမှာ တင်ဖို့ ပစ္စည်းလိုက်ပို့တာ .. "" ဘယ်က ပစ္စည်းလဲ "
" ဒီလှေတွေက ပါလာတဲ့ ပစ္စည်းပေါ့ ..
အဲ့ဒါကို ကုန်စုံဆိုင်တွေကို ပို့ပေးရတာ
တုံးလိုက်တာ ခင်ဗျားကလည်း "" ပိုက်ဆံရလား "
" ပိုက်ဆံရလို့ လုပ်နေတာပေါ့
ဘယ်သူက အလကား အပင်ပန်းခံမှာလဲ "" မင်းကလည်း စွတ်ဟောက်နေတော့တာပဲ ..
ငါက မသိလို့ကို "" ခင်ဗျားမေးတာတွေကိုလည်း ကြည့်ဦးလေ
လမ်းဘေးက ကလေး ခေါ်မေးရင်တောင် သိမယ့်ဟာတွေကို .. "