မင်းဘေးနားမရှိတဲ့နောက်
တစ်ယောက်တည်းစားရတဲ့ ညနေစာဟာ ကင်ဆာပဲ
နားထောင်မိတဲ့ သီချင်းတွေက ကင်ဆာပဲ
ဝေးသွားကြပြီဆိုတဲ့ ရူးနှမ်းနှမ်း အသိတွေက ကင်ဆာပဲတစ်စုံတစ်ယောက်ရဲ့လက်ဖဝါးထဲ နှစ်မြှုပ်ထားခဲ့ရတဲ့အချိန်တွေ
ပြီးတော့ မင်းအဓိပ္ပါယ်ဖွင့်ပြခဲ့တဲ့ ပန်းချီကားတွေ
ဒါတွေကို ပြန်လွမ်းမောဖို့ ကိုယ့်မှာ အခွင့်အရေးရှိပါရဲ့လား။အိပ်ပစ်လိုက်ဖို့က လွယ်တယ်
အိမ်မက်ထဲရောက်လာသူကို အပြစ်တင်ဖို့ကခက်တယ်
တကယ်ဆို ကိုယ့်တို့ရေစက်တွေကကုန်ခန်းသွားခဲ့ပြီပဲအချိန်မှန် အိပ်
အချိန်မှန်စား ကျန်းမာရေးဂရုစိုက်
ေ-ာက်ပိုတွေမှန်းသိပါတယ် ဒါပေမဲ့ ဒါကယဉ်ကျေးမှုပဲမလားအနာဂတ်မှာ မင်းဘေးက အမျိုးသမီးလေးကို နှုတ်ဆက်ရင်း
မင်းရဲ့ ကလေးလေးကို ချော့မြူရင်း
မင်းလည်း ကိုယ့်ကို မိတ်ဆွေဟောင်းတစ်ယောက်လို ကြည့်ရင်း
ငါတို့အတိတ်က မရှိခဲ့သလိုပဲပေါ့မင်းဘေးနားမရှိတော့တဲ့နောက် ဒါမှမဟုတ်
ငါတို့နှစ်ယောက် လမ်းခွဲပီးတဲ့နောက်မှာ...Absquatulate; Leave without saying goodbye.