လူရင်းတွေနဲ့လဲ နီးမလာဘူး
လူစိမ်းတွေနဲ့လဲ ပိုပိုဝေးသွား
ငါဟာ သိပ်ကို အဓိပ္ပါယ်မရှိတာပဲ။ဆိုရှယ်မီဒီယာထဲ နစ်မြုပ်နေတဲ့ညတွေ
ကဗျာတစ်ပုဒ်တောင်မရေးဖြစ်တဲ့ ညတွေ
ငါ့နှလုံးသားက ဘာတွေများဖြစ်နေတာပါလဲ။တနင်္ဂနွေနေ့က ဘာလုပ်ခဲ့သလဲ
တင်္နလာမနက်မှာ ပြန်သတိမရတော့ဘူး
မင်းကိုလဲ အဲ့လိုပဲမေ့သွားရင်ကောင်းမှာ။အဲကွန်းလေက အေးသလား
ပန်ကာလေက အေးသလား
အမေကတော့ အအေးမိအောင်ဂရုစိုက်တဲ့
ငါ့စိတ်တွေကတော့ သုံးရာသီ ဖျားနေတာပါပဲ။အပြင်ပန်း အလှအပတွေ
ပေါ့ပေါ့ပါးပါး ဆယ့်ခုနှစ်နှစ်အရွယ် ကျောင်းသူပဲဖြစ်ချင်တယ်
မနက်တိုင်း စောစောထရင်း
Stress တွေနဲ့ဝေးဝေးမှာ
အိမ်မက်တွေလဲ မမက်တော့ပဲနဲ့ပေါ့...။
