ုသြဂတ်လရဲ့ ရှည်ကြာခြင်း
တဖြေးဖြေးမှိန်ဖျော့လာတဲ့ အမှတ်တရတွေနဲ့
ပြတ်တောက်လုလု ဆက်ဆံရေးအချို့အပြည့်အဝ ကျောခိုင်းထားတဲ့တစ်ယောက်ရယ်
ပြီးတော့...
မသိမသာနဲ့ ခိုးယူခံရတဲ့ အသက်ဓာတ်တွေကြောင့်
မနက်ခင်းတွေက ခြောက်ကပ်တိတ်ဆိတ်နေတယ်။နာကျင်ရတာက နှစ်ယောက်စလုံးဆိုပေမဲ့
မင်းက ပိုခံစားနေရသလိုပုံစံမျိုးနဲ့
အများကထင်ကြတဲ့ အထင်တွေမှာ
ငါကပဲ မှားခဲ့တဲ့ လူလို။လူတွေရဲ့အမြင်တွေကို ဂရုမစိုက်နဲ့လို့ ပြောခဲ့ပေမဲ့
တကယ်တမ်းတော့ မင်းဂရုစိုက်ခဲ့တာပဲ
မင်းရဲ့အမှားတွေထက် မင်းကိုထားခဲ့ရမှာကို
ပိုမုန်းခဲ့တာကတော့ ငါ့အမှားတွေပဲ ထင်ပါတယ်။တစ်ယောက်ဆီကနေ တစ်ယောက်ထွက်ပြေးကြတယ်
မေ့နိုင်သလောက်မေ့ပြီး ဝေးနိုင်သမျှအဝေးဆုံး
အဲဒီ့တုန်းကပြောခဲ့ဖူးသလိုပဲ
မချစ်ကြတော့တဲ့အခါကျ
မျက်နှာတွေလည်းမေ့သွားရင် သိပ် ကောင်း မယ်။ဂရုတစိုက်နဲ့ရွေးပေးခဲ့တဲ့ စာအုပ်တွေကိုလည်း
ငါကဖတ်နေဦးမှာပါပဲ
သီချင်းဟောင်းတွေနားထောင်ဖြစ်တဲ့အခါကျ
မင်းဟာတစိတ်တပိုင်းပါဝင်ခဲ့တဲ့ အမှတ်တရဖြစ်ပါတယ်။တိမ်တွေကိုသဘောကျနေဆဲဖြစ်သလို
ကောင်းကင်ကိုလည်းချစ်နေတုန်းပါပဲ။
မိုးစက်တွေကိုအပြစ်မတင်သလို
စိုစွတ်သွားတဲ့ နှလုံးသားဟာ တစ်ယောက်သောသူကိုတော့
လုံခြုံစေချင်ခဲ့ပါတယ်။
