စနေတွေ
ကုန်မသွားပဲ ငါ့ခေါင်းထဲမှာ ခဏခဏပေါ်လာတယ်
စနေတွေထဲမှာ ခဏခဏနစ်မြုပ်
အိမ်မက်က နောက်တစ်ခါနိုးတော့လည်း
ပြက္ခဒိန်ဟာ စနေပဲဖြစ်နေခဲ့အဲ့နေ့ကမိုးစက်တွေကျတယ်
ပြီးတော့ မျက်ရည်တွေကျတယ်
မကောင်းတဲ့အမှတ်တရတွေကိုမှ
ဦးနှောက်က သေသေချာချာသိမ်းတယ်
စနေနေ့ရောက်တိုင်း
မိုးတွေရွာတိုင်း
အဖြစ်အပျက်တွေကပြန်ပေါ်လာတာ deja vu လိုပဲ..။ချိတ်ဆက်ထားတဲ့လက်တွေကို ဖြေးဖြေးချင်းလွှတ်တယ်
"နှစ်ယောက်အတူ''လို့နာမည်တပ်တဲ့
အိမ်မက်တွေကို အမြင့်ဆုံးမက်ပြီးမှ
"ဂွတ်ဘိုင် ဟန်နီ''တဲ့
ဒါက ဘယ်လိုသောက်အဓိပ္ပါယ်မရှိမှုကြီးလဲလို့
အော်ဟစ်ပြီးမေးချင်တယ်
(တကယ်တော့ ဘာကိုမှ မပြောဖြစ်ခဲ့တာ)
စိတ်ရဲ့ ဟိုးအနက်ရှိုင်းဆုံးထိ ထိုးနှက်ခံတဲ့အချိန်ကျ
ငါဘာမှမလုပ်နိုင်လိက်ဘူး
စိတ်ဟာ ဗလာ လူဟာ ဗလာ
ကျောက်ရုပ်လိုပဲ
ခဏလောက်အသက်မဲ့သွားသလိုပဲ
မင်းမျက်ရည်တွေ
နှုတ်ဆက်တယ် ဆိုတဲ့အဓိပ္ပါယ်နဲ့အပြုံးတွေ
တရွေ့ရွေ့ ထွက်ခွာသွားတဲ့မင်းခြေသံတွေ
အိမ်မက်လို့ ထင်ခဲ့တာ
အရင်လို တနင်္ဂနွေမနက်ကျ
အခန်းတံခါးကို မင်းလာခေါက်ဦးမယ်လို့ ငါကထင်နေတာ ။ဒီနေ့က စနေနေ့
မိုးတွေရွာပြန်ပြီ
သူကတော့
ဘယ်တော့မှ ပြန်မလာဘူး..။
