- the ambiguity

6 0 0
                                    

အချစ်ပြောတဲ့ ငါမင်းကိုချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ..ငါတော့သေချာမသိဘူး။
တစ်ပတ်မှတစ်ခါပဲ တွေ့ဖြစ်ကြတာမျိုးလား..။
ငါ့မွေးနေ့ကို မေ့ထားတတ်တဲ့ အချိန်မျိုးလား..။
အတူတူရှိနေပေမဲ့ အပြုံးတွေနွေးမနေတာမျိုးလား..။
တကယ်ကိုပဲ ငါသေချာမသိတာ။

ပုခုံးစွန်းတွေထိတိုက်နေတဲ့အထိ နီးကပ်နေပေမဲ့
စိတ်ချင်းကတော့ အဝေးကြီးဝေး
မတွေ့ဖြစ်တဲ့ဆောင်းနေ့တွေမှာ
အချစ်ကအေးစက်သွားတာများ
အချစ်မျက်ဝန်းတွေထဲ ငါ့ကိုယ်ငါရှာမတွေ့တော့တဲ့အထိပဲ..။

နောက်ဆုံးလက်ကျန်ယုံကြည်မှုတွေကျပျောက်သွားခဲ့တာ ဘယ်နေ့ကလဲ
ဖုန်းမဆက်ဖြစ်ကြတဲ့ ရက်နှစ်ဆယ်မြောက်နေ့
ဒါမှမဟုတ်
နောက်ဆုံးတွေ့ခဲ့ကြတဲ့ ကော်ဖီဆိုင်ထဲမှာ..။

Latte တွေအေးစက်သွားတဲ့အထိ
ဖုန်း screen ကိုငေးနေတဲ့အချစ်ကို ငါကြည့်နေမိခဲ့
ဒီနေ့လည်း
အချစ်ရဲ့ငါမင်းကိုချစ်တယ်ဆိုတဲ့ စကားကို
နောက်တစ်ခါထပ်ယုံခဲ့ပြန်တယ်။



You've reached the end of published parts.

⏰ Last updated: Mar 03, 2021 ⏰

Add this story to your Library to get notified about new parts!

VintageWhere stories live. Discover now