ဖြစ်နိုင်ရင်..အောက်ဆီဂျင်တွေပဲရှုထုတ်ချင်တယ်။
မင်းနှုတ်ခမ်းပါးလေးအနားမှာပဲ တွဲလဲခိုနေချင်တယ်။ကော်ဖီခါးခါးအမြဲတမ်းသောက်တဲ့
သူ့ရဲ့အတွင်းစိတ်ကရော..ဘယ်လိုမျိုးပါလဲ။
ဖုန်း screen ကို ထိတွေ့နေတဲ့လက်ချောင်းသွယ်သွယ်တွေကို ငေးရင်းသိချင်လာတယ်။ခဏခဏပြုံးလွန်းတော့ ကော့တက်သွားတဲ့နှုတ်ခမ်းစွန်းက ကိုယ့်နှလုံးသားလေးဟာ တလှပ်လှပ်ခုန်တယ်။နွေးထွေးစွာနဲ့ အေးမြစွာ...သူဟာ သူ့ရဲ့ဖြစ်တည်မှုနဲ့တင် စိတ်လုံခြုံမှုကိုပေးတယ်။
လမ်းဘေးတစ်ဖက်တစ်ချက်က ပန်းပွင့်တွေကို မေးချင်မိတယ်။
အဲ့ဒီလူဟာ တစ်နေ့ကိုအကြိမ်ပေါင်းဘယ်လောက်များများ ရယ်မောနေတတ်ပါသလဲ။
ဘုရားသခင်..ကိုယ်ဟာ ရုတ်တရက်ဆိုသလို ပန်းပွင့်လေးဖြစ်ချင်သွားတယ်။
ရိုးတံရှည်ရှည် ဖြူလွလွပွင့်ဖတ်တွေနဲ့ အဝါရောင်ဝတ်ဆံတွေရှိမယ်။လေယူရာယိမ်းနေပေမဲ့ သူ့ရဲ့ မျက်နှာပေါ်က အမူအရာတစ်ခုတစ်လေကိုမှ လွတ်မသွားအောင် ကျက်မှတ်ထားမယ်။
ဒီမြေသားလမ်းလေးကို သူလျှောက်တဲ့အချိန်တိုင်းပေါ့။တစ်နေ့ပြီးတစ်နေ့အရောင်ပြောင်းတဲ့ ရှပ်အကျီင်္လက်ရှည်ရဲ့လက်ဖျားတွေမှာ ကိုယ့်ချစ်ခြင်းတွေချည်ပေးထားချင်တယ်။
သနပ်ခါးရောင်ဖျော့ဖျော့..ရိုးစင်းတဲ့အဖြူရောင်
ဘာအရောင်ပဲဝတ်ဝတ် သူကတော့အပြုံးတွေအမြဲတမ်းပွင့်နေတတ်တယ်။ဒီနှစ်ဆောင်းမှာ အနည်းငယ်ပဲဖြစ်ဖြစ် ပိုပြီးနွေးထွေးစေဖို့ ကိုယ့်ရဲ့မာဖလာလေးမှာ မြတ်နိုးရခြင်းတွေတပုံတပင်ထည့်ပေါင်းရမယ်။စာတိုက်ပုံးလေးထဲက ဒီလက်ဆောင်ဟာ မင်းရဲ့ပျော်ရွှင်မှုကိုပဲယူလာပေးချင်ပါတယ်။