Jennie's Neighbour boy

2.9K 251 3
                                    

လေထဲမှာ Jennie ရဲ့ သတင်းတွေမွှေး နေတယ်...
သေချာပေါက်ကောင်းသတင်းပေါ့...
ခါတိုင်းလို အနက်ရောင်တွေနဲ့ Jennie ကနေ အရောင်စုံ Jennie အဖြစ်ပြောင်းသွားတဲ့အခါမှာ ပြောင်းလဲသွားကြတဲ့ သူတွေ အထူးသဖြင့် အတန်းဖော်တွေကို Jennie အနေနဲ့ အထူးဂရုစိုက်မိတာမျိူးမရှိပါဖူး...

ဒါနဲ့ Jennie က Lisa ကိုကြိုက်နေတယ်လို့ ဝန်ခံမိသေးလား....
မဝန်ခံရသေးရင် ထပ်ဝန်ခံပါမယ်...
သူ့ကိုကြိုက်ပါတယ်....

"ဒီမှာခင်ဗျ Jennie Kim က ဘယ်မှာ...
ဟာ Jane နင် အရမ်းပြောင်းလဲသွားတာပဲ..."

Jennie ရဲ့မျက်လုံးထဲမှာ မျက်မှန်းတန်းမိနေတဲ့သူတွေရှိပါတယ်...
အဲ့ထဲမှာမှ ရေခဲမုန့်တွေကိုပေပွနေအောင်စားတတ်တဲ့ အိမ်နီးချင်းလေးကို ဘယ်မေ့ပါ့မလည်း...
အထူးသဖြင့် အနက်ရောင် Jennie ကတည်းက တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းကိုလေ...

"Hanbin"

ချောမောလာသောရုပ်ရည် ငယ်ငယ်ကထက် အများကြီး ပိုထွားလာတဲ့ကိုယ်လုံးကိုယ်ထည် တွေကြားမှာ Hanbin ရဲ့ မျက်ဝန်းတွေကသာ Jennie မှတ်မိတဲ့ တစ်ခုတည်းသော
အရာဖြစ်တယ်...အရမ်းဖြူစင်တဲ့မျက်ဝန်းတွေပေါ့...

"ငါပြောင်းလာတာလေ အန်တီကပြောတယ်
နင်လည်းဒီကျောင်းမှာဆိုလို့ ငါ ရှာနေတာ"

Lisa Jisoo sunbae နဲ့ Rosé ရဲ့
ထူးဆန်းတဲ့အကြည့်တွေပြီးမှ အလွမ်းသယ်
တာကို Jennie ရပ်လိုက်တယ်...

မိတ်ဆက်ပေးဖို့ လိုလာပြီလေ...

"Ah!သူက Kim Hanbin လေ ငါနဲ့
ငါးနှစ်လောက် အိမ်နီးချင်းဖြစ်ခဲ့ဖူးတယ်"

"တွေ့ရတာဝမ်းသာပါတယ်
ဝိုး Jennie Kim ရဲ့ သူငယ်ချင်းတွေက
အချောတွေချည်းပဲနော်"

"အာ ကျေးဇူးတင်ပါတယ် "

အဲလိုပဲ Hanbin ကငယ်ငယ်ကတည်းက ဆက်ဆံရေးသိပ်ကောင်းတယ်..ခင်ဖို့ကောင်းတယ်ပဲခေါ်မလားJennie အတွက်တော့ ငယ်ငယ်ကတည်းကသူငယ်ချင်း အများကြီးမရှိတဲ့အတွက် ကောင်းတယ် ဆိုးတယ် မဟုတ်ခဲ့ဖူး...
ဒါပေမယ့် Hanbin ကတော့ တကယ့်ကို
သူငယ်ချင်းကောင်းပါ...

Hanbin ရဲ့ အဖေနဲ့အမေက ကွဲနေတာ...
ဒါပေမယ့် Hanbin က သိပ် Serious မဖြစ်လှဖူး...ဘာလို့လည်းဆိုတော့ Hanbin က ချမ်းသာတယ်လေ...

"Jane ငါ အတန်းတတ်ရဦးမယ်
ငါအခု xxx က ကွန်ဒိုမှာ ငှါးနေတယ်...
ကျောင်းဆောင်တော့လျှောက်ထားပါတယ်
ဒါပေမယ့် အခန်းဖော်မလာသေးတော့ တစ်ယောက်တည်း မနေရဲဖူး ဟီး"

Jennie ခပ်ဖွဖွရယ်လိုက်တယ်...

"ဒါဆို ကျွန်တော့် ကိုခွင့်ပြုပါဦး
နောက်မှ တစ်ဝိုင်းကျွေးပါမယ်..."

"ဟုတ်ကဲ့ပါ"

ပြန်ဖြေလိုက်သူက Rosé ဖြစ်တယ်...
အစားနဲ့ပတ်သတ်ရင် မျက်လုံးထဲက အရောင်တွေတောက်ပနေတတ်တဲ့ သူပေါ့...

Hanbin ထွက်သွားပြီးမကြာခင်မှာပဲ
Jisoo နဲ့ Rosé ကလည်း ထွက်သွားကြပြန်တယ်...

အဲ့တော့ ကျန်ခဲ့တာကတော့ သေချာပေါက်
Lisa နဲ့ သူမပေါ့...
ခုနကထိ စကားဝိုင်းထဲကို ဝင်မပြောခဲ့တဲ့ Lisa က ခုထိလည်း တစ်ခွန်းမှမပြောသေးတာကြောင့် Jennie ဖက်ကပဲ စကားစပြောဖို့ ဆုံးဖြတ်လိုက်တယ်...

"Lisa ငါ့ကို နင့်Instrgram account ပြောလေ...ငါ follow မလို့ "

"Aww...lalalalisa_m...
ဟုတ်သားပဲ ငါတောင် မေ့နေတာ"

Jennie ဖုန်းထုတ်ပြီးတော့ ရှာလိုက်တော့ ရက်ရက်ရောရောကျလာတဲ့ အကောင့်တစ်ခု

တော်တော်များတဲ့ follower အရေအတွက်နဲ့ account က jennie ကို သိမ်ငယ်စေတယ်...
အရင်ကတည်းက lisa က သူမအတွက်
မထိုက်တန်တဲ့ သူလို့ ယူဆခဲ့တာ...
သူ့အကြောင်းကိုပိုသိလာလေလေ
သူ့ရဲ့အပြုအမူတွေနဲ့ရင်းနှီး​လာလေလေ...
သူက သူမနဲ့ ပိုအလှမ်းဝေးသွားတယ်...

ဒါပေမဲ့ သူ့ကိုမှ သဘောကျပါတယ်ဆိုတာက
စိတ်ခံစားချက်ဖြစ်နေတာတော့ Jennie လည်းမတတ်နိုင်ဖူး...

"ဟင် ဓာတ်ပုံလည်းမတင်ပါလား Jennie"

"ငါ ဓာတ်ပုံမရိုက်တတ်ဖူး"

Lisa ကရယ်တယ်...

"ဘာလည်း ငါမှ pose မပေးတတ်တာ..."

"အနုပညာရှင် အလောင်းအလျာက pose မပေးတတ်ဖူးဆိုတာ ဖြစ်သင့်လား Kim Jennie"

"အဲဒါက..."

"နေပါ...ငါရိုက်ပေးမယ်"

ကျောင်းထဲက Location လှတဲ့နေရာတစ်ခုမှာ သူက သူမကို ဓာတ်ပုံရိုက်ပေးခဲ့တယ်
သူက ဓာတ်ပုံရိုက်တဲ့နေရာမှာလည်းတော်ပြန်တယ်...

ခပ်ရှက်ရှက်နဲ့ရိုက်ထားတဲ့ပုံတွေထဲမှာမှ သူရွေးပေးတဲ့ပုံကJennie ရဲ့ Instagram မှာတင်တဲ့ပထမဆုံးပုံဖြစ်လာတယ်...

~~~~~~~~~~~~~~~~~~~~~~~~~~~~~

(A/N)...Lisa ရိုက်ပေးတဲ့ပုံလေးက အပေါ်မှာပါနော်...

O-N-L-Y__Y-O-UМесто, где живут истории. Откройте их для себя