Break up

2.5K 204 2
                                    

"ဘာလည်း J နင်အရင်ပြောလေ..."

"ငါ Training မဆင်းရတော့ဘူး Liz "

"ဟင်...ဘယ်လို ဘယ်လိုဖြစ်လို့လည်း "

"မသိပါဘူး မနက်က ငါ့ကို ဖုန်းဆက်တာ"

"ငိုထားတာလား J...အားမလျှေ့ာပါနဲ့ဦး နောက်တစ်ခါပေါ့...ငိုစရာလား မငိုနဲ့နော်"

"အင်း...နင်ရော ဘာပြောမလို့လည်း..."

"အာ...ဟို ပေးစရာရှိလို့ အင်း ပြောစရာလည်းရှိတယ်... "

အင်္ကျီအိတ်ကပ်ထဲကနေ တစ်ခုခုကို ထုတ်လာတဲ့ သူ့ကိုကြည့်ရင်း မနက်က အကြောင်းတွေကိုပြန်စဥ်းစားမိတယ်...

သူမ မမှားပါဘူး...သူမ မိသားစုတွေနဲ့ ယှဥ်ပြီးရွေးရင်တောင် အနည်းဆုံး သူမ Company တစ်ခုခုမှာ အလုပ်ဝင်လျှောက်ပြီး ရှာကျွေးနိုင်တယ်...သူမ အိပ်မက်ဆိုပေမယ့် သူကအိပ်မက်ထက်အရေးကြီးတဲ့ သူမရဲ့ အရာအားလုံးမလို့ သူမ မှန်ပါတယ်...

"တစ်လပြည့်လေ ဒီနေ့ ငါတို့ ချစ်သူဖြစ်တာ တစ်လပြည့် ရက်တွက်တာမှားပြ်ီး မနေ့က ပေးမလို့..."

လက်စွပ်ဗူးလေးကို ထုတ်ပြရင်း ပြောလာတဲ့ သူကိုကြည့်တော့ သူမ မမှားဘူးဆိုတာကို ထပ်တိုးပြီးလက်ခံလိုက်တယ်...

"ငါ လက်ထပ်ချင်တယ် နင့်ကို...
တသက်လုံး မလိုချင်ခဲ့တဲ့ Kim Group ကြီးနဲ့ တင်တောင်းပါတယ် Jennie Kim ငါ့ကို လက်ထပ်မလား"

"အင်း...လက်ထပ်မယ်...အဲတာကြောင့် ဒူးတွေဘာတွေ မထောက်နဲ့တော့..."

ဒူးထောက်ဖို့ သေချာပြင်ဆင်နေတဲ့ သူ့ကို ပြောလိုက်တယ်...
ခဏလောက် ဝမ်းနည်းစရာတွေ မေ့ထားရအောင်...

သူမနဲ့ သူနဲ့ ဆင်တူ လက်စွပ်လေးတွေ အတူ အပြန်လှန် ဝတ်ပေးခဲ့ကြတယ်...

🌻

"Ah Ji-Eun Sunbae မတွေ့တာတောင်ကြာပြီ... ဘာကိစ္စရှိလို့လည်း ညဘက်ကြီး"

"Ent က လွှတ်လိုက်လို့ဟ...နင်တို့ကျောင်းက Jennie Kim ဆိုတဲ့ ကျောင်းသူလေ ငြင်းလိုက်တယ်...Ent က အစွမ်းအစရှိလို့ စောခေါ်ပြီး မြန်မြန် Debut စေချင်တာ...အဲတာ ငါ့ကို ဆွေးနွေးခိုင်းလိုက်လို့"

O-N-L-Y__Y-O-UTempat cerita menjadi hidup. Temukan sekarang