Miss U

2.5K 210 2
                                    

ပင်ပန်းတယ်...
အရမ်းပင်ပန်းတယ်...ငရဲတမျှအပင်ပန်းခံပြီးမှ Idol ဆိုတဲ့ ဘဝမျိူးကို ရဖို့အတွက် Jennie အရမ်းကို အပင်ပန်းခံခဲ့ရတယ်...

အကလေ့ကျင့်ရတယ် နံနက်စာ နေ့လည်စာ မြန်မြန်စားပြီး ရာပေါင်းများစွာသော Trainee တွေထဲမှာ ကိုယ်က ပိုသာနေအောင် ကြိုးစားရတယ်...

ဓာတ်ပုံတစ်ပုံနဲ့ အလွမ်းဖြေနေရတဲ့ရက်တွေက နာကျင်စရာအကောင်းဆုံးပါပဲ...
စက္ကူနံ့သင်းသင်းကလွဲ ဘာတုံ့ပြန်မှုမှမရတော့တာလည်း ရင်နာစရာပါပဲ...
သတိရတယ်..ဒီ့ထက်ပိုပြောရရင် သေမတတ်လွမ်းတယ်.... သူရော အဆင်ပြေနေရဲ့လား
ဒါမှမဟုတ် သူမလိုပဲလား....

အရင်လိုသူမရှိတော့တာက တော်တော်လေးထက်ကို ပိုပြီး အဆင်မပြေခဲ့ဘူး...

"Jennie ဘာတွေတွေးနေပြန်ပြီလည်း "

"ဟင့်အင်း ငါ ကထားလို့ ပင်ပန်းနေတာ Somi ရော "

"အင်း ငါအခန်းကိုပြန်တော့မှာ နင့်ကိုတွေ့လို့ လာခေါ်တာ လာ ပြန်ရအောင်"

🥀

Liz...ငါနင့်ကိုလွမ်းတယ်

ဒိုင်ယာရီစာအုပ်ရဲ့ မပါမဖြစ်စာကြောင်းကို ရေးပြီးတော့ ပုံမှန်အတိုင်းပဲ စာအုပ်ကြားက သူမရဲ့ ဓာတ်ပုံလေးကို နမ်းလိုက်တယ်...

နှစ်နှစ်....
နှစ်နှစ်ကျော်ခဲ့ပြီ...သူ့ကို ထပ်မတွေ့ရတော့တာ...ဒီနှစ်နှစ်အတွင်းမှာ Jennie ပြောင်းလဲခဲ့တယ်ဆိုတာမျိူးမရှိပါဘူး...
ဒါပေမယ့် ဆိုဂျူတွေကို သိသိသာသာရှောင်ဖြစ်တယ်...မူးလာရင် ပိုလွမ်းလို့...
အိပ်မက်ထဲတောင် အလည်မလာတဲ့သူကို
ပြန်ပြီးမလွမ်းချင်ပေမဲ့ တစ်ရက်မှ မေ့မရခဲ့ဘူး....

"Jennie Unnie....CEO ကခေါ်ခိုင်းလိုက်တယ်"

"Okok Ella...Unnie သွားလိုက်မယ်"

တဖက်ခန်းက မော်ဒယ်လ်အသေးစားလေး Ella ကိုပြန်ပြောပြီးတော့ မှန်ရှေ့ကိုသွားလိုက်တယ်....ငိုထားမှန်းသိသာတဲ့ မျက်လုံးတွေကြောင့် မျက်မှန်တပ်လိုက်တယ်....
Jennie ဖုံးကွယ်တတ်တာကြာပါပြီ

"ခေါ်ခိုင်းလိုက်တယ်ဆိုလို့ပါ Yang CEO"

"Jennie ya!!! လာမဲ့စနေနေ့မှာ Ent က Solo artist တယောက်ကို Debut ပေးတော့မယ်"

O-N-L-Y__Y-O-UTempat cerita menjadi hidup. Temukan sekarang