New Jennie Kim

2.9K 245 8
                                    

နေ့ရက်တွေက သူ့အပြုံးတွေလို တောက်ပလာတယ်...
အမှန်ပြောရရင် ဆံပင်ကေအသစ်လေးကို Jennie သဘောကျပါတယ်...

ပုံမှန်အတိုင်းပဲ ရေချိူးတယ်...ခေါင်းလျှော်တယ်.. သွားတိုက်တယ်...အနက်ရောင်တွေထဲကတစ်စုံကို ခါတိုင်းလို မဝတ်တော့ပဲ မနေ့က ဝယ်ခဲ့တဲ့အင်္ကျီတွေထဲက အစိမ်းပုပ်ရောင် crop-top လေးကို
ဘောင်းဘီတိုလေးနဲ့ဝတ်လိုက်တော့ Gym သေချာဆော့ထားတဲ့ ကောက်ကြောင်းက အတိုင်းသားပေါ်လာတယ်...

Jennie အားကစားလုပ်ရတာသဘောကျပါတယ်...

ပြီးကာမှ Foundation လေးလူးပြီး နှုတ်ခမ်းနီပါးပါးလေးဆိုးကာ Puff ရိုက်လိုက်တယ်

"အင်း ဒီလောက်ဆို အဆင်ပြေပြီ"

တကယ်တော့ Lisa နေခိုင်းတဲ့ အပြုအမူတွေ ဝယ်ပေးတဲ့
အဝတ်အထည်တွေက Jennie လိုက်မလုပ်လည်းဖြစ်တယ်...
ဒါပေမဲ့ သူများက ကိုယ့်အတွက် တပင်တပန်းကြီး လိုက်ပြုပြင်ပေးနေတာကို သူမ အားနာသင့်တာပေါ့...
အထူးသဖြင့် အဲ့လူက Lisa ဖြစ်နေလို့လေ

ခြေလှမ်းတွေက ခါတိုင်းလို ဦးတည်ရာမဲ့မနေတော့ဖူး...
သူရှိတဲ့ Dancing Room ကို ဦးတည်တတ်နေပြီ...

"Wow!! အဲဒါ Jennie လား"

"သူတကယ်ပြောင်းလဲသွားတာပဲ"

"Jennie က အဲလောက်လှမှန်း ငါမသိခဲ့ဖူး"

ကြားရတဲ့စကားတွေက သူမရဲ့ပြောင်းလဲခြင်းကို ကောင်းကောင်းအသိအမှတ်ပြုတယ်...

ဘယ်ဘက်ကိုချိူးလိုက်တော့ အခန်းရှေ့ဖက်ကိုရောက်ပြီ...
အခန်းထဲမှာ သီချင်းသံကြားရတယ်...

တံခါးကိုဖြည်းဖြည်းချင်းတွန်းဝင်ပြီး သူ ကတာကို ကြည့်နေလိုက်တယ်...
မသိမသာပြုံးရင်းပေါ့...

"Jennie ရောက်နေ...Wow!!"

ဒီနေရာမှာ Jennie ဝန်ခံရမယ်...
ခုလို ပြောင်းလဲလိုက်ရတဲ့အကြောင်းမှာ
Lisa ကို ဆွဲဆောင်ချင်တာလည်းပါတယ်...

"အာ အဲလောက်တောင် လှသွားရလား"

Jennie ပြန်မဖြေပဲ ပြုံးရုံသာပြုံးလိုက်တယ်

"ဒါနဲ့ ဘာကိစ္စလည်း Jennie"

"Ah!! ညက Jisoo Sunbae က karaokae ဆိုင်သစ်သွားချင်လို့တဲ့ Message လှမ်းပို့တယ် Rosé ကလည်း လိုက်မှာလေ အဲဒါ Lisa လိုက်မလားလို့"

"အာ လိုက်ရမှာပေါ့"

နည်းနည်းတော့ ဝမ်းနည်းသွားသလိုပဲ...
ကိစ္စမရှိပဲ ပတ်သတ်ခွင့်မရှိတဲ့
ဆက်ဆံရေးကြောင့်...

☮☸☮

"Wow!!! Rosé အသံက မိုက်တယ်"

"အာ ကျေးဇူးပါ Jennie နင်လည်း
တစ်ပုဒ်လောက်ဆိုလေ"

"အာ တော်ပါပြီ "

အဲ့အခါမှာ Jisoo Sunbae နဲ့
စကားပြောနေတဲ့ Lisa က ဝင်ပြောသည်...

"မဟုတ်တာ သီချင်းဆိုဖို့လာတာကို ဆိုရမှာပေါ့ ဆိုရမယ် Jennie "

အဲ့နေရာမှာတင် ရုပ်တည်နဲ့ ဆူလိုက်တဲ့
Lisa ကို မတရားတွေ ချစ်သွားတာပဲ...

"အင်းပါ"

စိတ်ကျေနပ်အောင် Sure thing ဆိုတဲ့သီချင်း ကို ဆိုပြလိုက်တော့ ပြုံးကာ လက်ခုပ်တီးပေးကြတယ်...

ပျော်တယ်ဆိုတဲ့ခံစားချက်က သူ့ကြောင့်မလို့
ပိုပျော်တယ်...

☸☮☸

ထုံးစံအတိုင်းပဲ ကာရာအိုကေဆိုတာနဲ့ ဆိုဂျူနဲ့ အသားကင်တော့ ပါရမည်...

"အဟား ငါအဲ့တာနဲ့ သူ့ဖင်ကို ပိတ်ကန်ပစ်တာ"

Rosé ကငယ်ငယ်က သူရန်ဖြစ်တဲ့ အကြောင်းကို မူးမူးရူးရူးပြောနေပြီ...
ခြောက်ခွက်မြောက်ကို သောက်ပြီးတာနဲ့
Jennie ဟာ Jennie မဟုတ်တော့ပဲ အရက်မူးနေတဲ့ Jennie ဖြစ်သွားသည်...

နှစ်ခွက်လောက်ပဲသောက်ပြီး ထိုင်နေတဲ့ Sunbae နဲ့ သောက်နိုင်တဲ့ Lisa ကတော့
ရယ်နေရုံသာတတ်နိုင်သည်...

"Jisoo ya! Rosé နဲ့ Jennie တော့မရတော့ဖူးထင်တယ်..."

"အေး နီးနီးနားနားမှာ အခန်းတစ်ခုငှါးလိုက်Lisa ငါရောနင်ရော ဒီနှစ်ယောက်ကို မနိုင်ဖူး Rosé ကိုတင် နှစ်ယောက်တော်တော်ထိန်းရမယ်"

"ဗိုက်ဆာတယ် Omma ရေ ဗိုက်ဆာတယ်လို့!!!!"

"နင်မှန်တယ် Jisoo"

~~~~~~~~~~~~~~~~~~~~~~~~~

O-N-L-Y__Y-O-UTahanan ng mga kuwento. Tumuklas ngayon