The story starts

7.4K 323 3
                                    

"ကျွန်မဒီနေ့ အဆင်မပြေဖူး Lisa"

သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချရင်း ခါတိုင်းလိုပဲ စက္ကူဓာတ်ပုံလေးကို ခပ်ဖွဖွ နမ်းလိုက်တယ်....
စက္ကူနံ့ကလွဲ ဘာနံ့မှ မရပေမယ့် ဓာတ်ပုံပေါ်က သူမကတော့ ခါတိုင်းလိုပြုံးနေဆဲပါပဲ...

လွမ်းတယ်....ဒီထပ်ပိုသွားတော့ မျက်ရည်တွေက ရလဒ်ဖြစ်သွားတာပေါ့...

Jennie လည်း မထင်ခဲ့ဖူးလေ...
ထိုင်းကပြားမလေးတစ်ယောက်က သူမရဲ့ ဘဝဖြစ်သွားလိမ့်မယ်လို့...
အရာရာက သူ ဖြစ်သွားမယ်လို့...
နံရံက ဓာတ်ပုံတွေကိုကြည့်ရင်း အတိတ်က သူမအပြုံးတွေကို သတိရတယ်...
Jennie ရဲ့ အပြုံးတွေ သူ့ကြောင့် အသက်ဝင်ခဲ့တုန်းကပေါ့....

✴✡✴

နေ့တစ်နေ့ကို ဘယ်ကစပြီးပုံဖော်မလည်းမေးရင် ကောင်းကင်ကလို့ Jennie ကတော့ဖြေပါမယ်....
ဒီနေ့အတွက်တော့ ကောင်းကင်ဟာ ညို့မှိုင်းနေတယ်...
အချိန်မရွေးရွာဖို့အသင့်ဖြစ်နေတဲ့ ကောင်းကင်က ထီးမပါပဲ အပြင်ထွက်လာတဲ့ Jennie ကို စိန်ခေါ်တယ်...

အထီးကျန်တယ်ပဲပြောရမလား...
အခန်းဖော် လွတ်နေတဲ့ အဆောင်ခန်းကြောင့်
နည်းနည်းတော့
စိတ်ကသိကအောင့်ဖြစ်တယ်...
သိပ်မကြာသေးခင်ကမှ Nayeon လို့ခေါ်တဲ့ သူမရဲ့ အခန်းဖော်က ဘဲလေးကချေသည်ကျောင်းကနေ အရွေးခံခဲ့ရတယ်...

သူ့အတွက်ပျော်တယ်ဆိုပေမဲ့ Jennie
တစ်ယောက်တည်းနေရမှာကိုတွေးရင်း
မပျော်တာကတော့ သူမအပြစ်မဟုတ်ဖူး...

အနုပညာတက္ကသိုလ်မှာတတ်ရောက်နေတဲ့ Jennie ရဲ့ ပုံစံက တစ်ကယ့်ကို Rapper တစ်ယောက်ပုံပင်...
အနက်တွေကိုသာနှစ်သက်တဲ့ သူမက တလောကလုံးကို မကောင်းမြင်နေတဲ့သူမျိူးတော့ မဟုတ်ခဲ့ပါ...
အပေါင်းအသင်းမရှိ မထုံတတ်ထေးလည်းမဟုတ်သလို အပေါင်းအသင်းတွေ အများကြီးနဲ့ ပျော်စရာကောင်းတဲ့ဘဝလည်း မရှိခဲ့ပါ...

သီချင်းစပ်မယ်...အားတဲ့အခါ စာအုပ်ဖတ်ရင်ဖတ်မယ်...ဒါမှမဟုတ် Vocal အတွက် အသံလေ့ကျင့်မယ်...
ဒါမှ လဝက်လောက်မှ လာတတ်တဲ့ အင်တာတိန်းမန့် ခပ်ကြီးကြီးတွေရဲ့ သတိထားခြင်းခံရမှာပေါ့...

ခေါက်ဆွဲခြောက်ဗူးတော်တော်များများကိုဝယ်ပြီး ကြက်ဥ နွားနို့ စတဲ့ လိုအပ်တဲ့ တိုလီမိုထွာလေးတွေ ဝယ်လိုက်တယ်...
Jennie တို့အိမ်က အရမ်းပိုက်ဆံချမ်းသာနေတာမျိူးမဟုတ်ပေမဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ Jennie ကိုတော့ ကောင်းကောင်းထောက်ပံ့နိုင်ပါတယ်..

အိမ်ပြန်ရောက်တဲ့အထိကိုမှ မိုးနည်းနည်းလေးမှမစိုခဲ့တာက တော်တော်ကောင်းပါတယ်...

စားပြီးသောက်ပြီးရေချိူးပြီးကာမှ လပ်တော့ကိုဘေးချကာ သီချင်းစပ်နေလိုက်တယ်...

သိပ်မကြာဖူး Nayeon ဆီက Video call ဝင်လာတယ်...

Nayeon က သူအရမ်းပင်ပန်းကြောင်းတွေပြောလာတော့ သူမလည်း အရမ်းအထီးကျန်နေကြောင်းပြောပြချင်ပေမဲ့ မပြောဖြစ်ခဲ့ပါ...
အနည်းနဲ့အများတော့ ကိုယ့်အပေါ်ကောင်းတဲ့ သူငယ်ချင်းအပေါ် ကောင်းပေးရမယ်လေ...

ဒီလိုပဲ Jennie ရဲ့ တစ်နေ့တာတွေက
ထူးခြားတာမရှိခဲ့ပါ...

သူဝင်မလာခင်အထိပေါ့...

~~~~~~~~~~~~~~~~

O-N-L-Y__Y-O-UTahanan ng mga kuwento. Tumuklas ngayon