Propose

2.8K 222 5
                                    

ပြောင်းလဲတဲ့အကြောင်းတွေနဲ့အတူ ယောကျ်ားလေးသူငယ်ချင်းရလာခြင်းကလည်း Jennie ရဲ့ဖြစ်တည်မှုကို လူသိများစေတယ်

တကယ်တမ်းတော့ အဲ့ယောကျ်ားလေးသူငယ်ချင်းဆိုတဲ့နေရာမှာ
နည်းနည်းကွာဟမှုရှိတယ်...
အဲ့သူက သာမာန်ဆိုရင်တော့ကိစ္စမဟုတ်ပါ..

ဒါပေမဲ့ Hanbin က B.I ဆိုတဲ့ နာမည်တစ်ခုနဲ့ ကျောင်းမှာတော်တော်ကိုနာမည်ကြီးခဲ့တယ်...
သီချင်းကောင်းတွေရေးတဲ့ ကောင်လေး...
ချောတဲ့ကောင်လေး...သဘောကောင်းတဲ့ကောင်လေး စသဖြင့်ပေါ့...သူ့သီချင်းနှစ်ပုဒ်လောက်ကိုတောင် နာမည်ကြီးအဆိုတော်တွေကို ရောင်းခဲ့ရသေးတယ်...

ခုလောလောဆယ်တော့ မျက်စိရှေ့ကအတွဲကို
မြင်နေရတာ Jennie အဆင်ပြေမနေပါ...

လွန်ခဲ့တဲ့ နှစ်ရက်တုန်းက Lee Ji-Eun
ဆိုတဲ့ Lisa ရဲ့ အသိ စီနီယာတစ်ယောက်
ရောက်လာခဲ့တယ်...
ချောတာပေါ့...ချောတာမှ မတရားပဲ...
တကယ်တော့ JiEun Sunbae က သင်ကြားရေးမှာအကူအညီလိုနေတဲ့ သူ့အဖေ ကျောင်းအုပ်ကို လာပြီးကူညီတာဖြစ်တယ်...

High pitch တွေကောင်းကောင်းသီဆိုနိုင်တဲ့ စီနီယာက အားလုံးအားကျရတဲ့ သူပါပဲ.

Jennie လည်းအားကျပါတယ်...
ခုချိန်မှာ Jennie ခံစားနေရတာကတော့
သိမ်ငယ်မှုပါပဲ...
စီနီယာက သူမထက် သူနဲ့ပိုထိုက်တန်ပါတယ်ဆိုတဲ့ အတွေးတွေက Jennie ကို အသက်ရှူကြပ်စေတယ်...

ဆိုတော့ကား...စီနီယာနဲ့ Lisa က သူမရဲ့ရှေ့တည့်တည့်မှာထိုင်နေတယ်...

Jisoo နဲ့ Rosé ကတော့ Music Club Training Room မှာ သန့်ရှင်းရေးလုပ်နေလောက်ပြီ....

စီနီယာက သူ သိပ်မကတတ်ကြောင်းပြောရင်း Lisa ကိုသင်ပေးဖို့တောင်းဆိုနေတယ်...
Lisa ကပြုံးရင်း ခေါင်းငြိမ့်တယ်...

နှစ်ရက်နဲ့အဲလောက်ရင်းနှီးတာမဟုတ်ပါဖူး...
စီနီယာ့အဖေ ကျောင်းအုပ်ကြီးနဲ့ Lisa
အဖေက အရမ်းရင်းနှီးတယ်လို့ ပြောကြတယ်

သတင်းတွေက အရမ်းထွက်တာကြောင့် Jennie အနေနဲ့ အထူးတလည် စုံစမ်းစရာမလိုပါဖူး...

"Jennie ငါ စီနီယာနဲ့ သွားစရာရှိလို့ တစ်ယောက်တည်းဖြစ်လား"

"အင်း"

စီနီယာက သူမကိုပြုံးပြရင်းရှေ့ကထွက်သွားတယ်...သူကနောက်ကနေလိုက်သွားတယ်...

အရင်တည်းကJennie အတွက် Lisa က မထိုက်တန်ဖူးဆိုတာသိတယ်...
ဒါဟာ တန်ဖိုးသတ်မှတ်ချက်တစ်ခုမဟုတ်ဖူး...
နှိုင်းယှဉ်မှုတွေရဲ့ရလဒ်တွေက သူမ ကိုယ်တိုင်ပဲ Lisa နဲ့ သူမကိုဝေးသွားစေတယ်...

နှစ်ရက်....
စီနီယာရောက်လာပြီးနောက်ထပ်နှစ်ရက်ထိ သူမတို့ စကားမပြောဖြစ်ပါ...
တကယ်တမ်းတော့ ဒီကိစ္စက ပုံမှန်ပါပဲ...
ဘာအကြောင်းကြောင်းနဲ့မှ သိပ်ပတ်သတ်စရာမရှိတဲ့ လူနှစ်ယောက်က အမြဲလိုလို တွဲသွားတွဲလာ လုပ်စရာမလိုပါဖူး...

ဒါပေမယ့် အဲလိုလည်းမဟုတ်ပြန်ဖူး...
အရင်ရက်တွေကပဲ သူမတို့ အတူတူ စျေးဝယ်ထွက်ခဲ့သေးတယ်...

သူက သူမကိုပြောင်းလဲပေးမယ်လို့လည်း
ပြောခဲ့သေးတယ်...

"Rosé...JiEun Sunbae နဲ့ရင်းနှီးလား"

"Ah!!! အသစ်ရောက်လာတဲ့ Sam"

"အင်း ဟုတ်တယ်"

"အင်း Sam ရဲ့အဖေက Lisa အဖေနဲ့
မိတ်ဆွေတွေလေ...လုပ်ဖော်ကိုင်ဖက်ပေါ့...
Sam ရဲ့ အဖေက Lisa တို့Company မှာ ရှယ်ယာဝင်ထားတယ်လေ"

"အဲလောက်ပဲလား"

"မဟုတ်ဖူး ငါထင်တာ Lisa က Sam ကို သဘောကျနေတယ်ထင်တယ်"

☸☮☸

"ဒီဆိုင်ကတော်တော် ကောင်းတယ်"

Hanbin က ကြက်ဥလိပ်ကို ဆော့စ်နဲ့ တို့စားရင်းပြောတယ်...
သူဒီနေ့ထူးခြားနေတယ်...
ခါတိုင်းထက်ပိုပြီး ဝတ်ထားစားထားတယ်...
ဆံပင်ကိုလည်း လူကြီးလူကောင်းဆန်ဆန်
ဖီးလိမ်းထားတယ်...

"အင်း ငါက ဒီဆိုင်မှာပဲစားနေကြလေ"

သခွားရောင် အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီဖြူက အသားဖြူတဲ့ Hanbin နဲ့ လိုက်တယ်..

"ငါနင့်ကိုပြောစရာရှိတယ် Jennie "

ဘာလည်းဆိုပြီးမေးတော့မှ သူက အင်္ကျီကြယ်သီးကို သေချာတပ်တယ်...

"ချစ်တယ် Jane "

~~~~~~~~~~~~~~~~~~~~~~~~~~

(A.N),HAPPY NEW YEAR READERNIM!!!!
နှစ်သစ်မှာပျော်ရွွင်ခြင်းတွေရပါစေ....
🤞

O-N-L-Y__Y-O-UDonde viven las historias. Descúbrelo ahora