Ep - 1

32.6K 1.5K 50
                                    

Unicode

" နားမလည်တာရှိသေးလား "

သူ့အမေးကို မျက်လုံးဝိုင်းလေးနဲ့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း Jisoo က

" မရှိတော့ပါဘူး ဆရာ"
" ဟွန်းး ရှိလည်း မရှင်းပြနိုင်တော့ဘူး ငါကျောင်းနောက်ကျနေပြီ ညလာမှ ဆက်ရှင်းပြမယ် "
" အိုဂေ အိုဂေပါ ဆာ"
" နောက်တခါ အတန်းပြေးကြည့်နော် နင့်အမေကို တိုင်တော့မှာ ငါ့မှာ နင်ရှိချင်ယောင်ဆောင်ပြီး နင့်အခန်းထဲ တယောက်ထဲ စာဖတ်နေရတာ ဘယ်လောက် စိတ်ညစ်ဖို့ကောင်းလဲ သိရဲ့လား "
" တောင်းပန်ပါတယ် Jimin ရယ် နောက်မဖြစ်စေရဘူး ကတိပေးတယ် ဟီးးး "

Aygeo တွေ အကုန်ထုတ်ပြနေတဲ့ Jisoo ကိုကြည့်ပြီး ခေါင်းခါမိသည်။ တကယ်တော့ သူတို့က ရွယ်တူသူငယ်ချင်းတွေပါ။ သူကတော့ တက္ကသိုလ်တက်နေပြီ ဒါပေမယ့် Jisoo ကတော့ခုမှ အထက်တန်းပဲ တဖုန်းဖုန်းကျလို့ကောင်းတုန်း။ Jisoo မေမေရဲ့ တောင်းဆိုမှုကြောင့်ရော သူကိုယ်တိုင် ငွေကြေးအခက်အခဲကြောင့် အချိန်ပိုင်း အလုပ်လုပ်ချင်တာကြောင့်ရော ဝါသနာကြောင့်ပါ ညပိုင်းစာသင်ပေးနေတာပါ။ တခါတလေ Jisoo အပြင်သွားရင်လည်း သူ့မှာ Jisoo မေမေကို ကူလိမ်ပေးရသေးတယ် သူစာသင်ဖို့ အချိန်ပိုခေါ်တာပါဆိုပြီး။

" နေပါဦး ဒါနဲ့ မနေ့ညက ဘယ်သွားတာလဲ "

သူ့အမေးကို Jisoo က ရှက်သလိုလိုဖြင့်~~

" ဟို ငါ crush နေတဲ့ ကောင်လေးက သူ့သူငယ်ချင်းတွေနဲ့ club သွားလို့"
" ဟင် အဲ့ဒါ နင်နဲ့ဘာဆိုင်လဲ"
"ဟီးး သူလည်း သူနဲ့ခင်အောင် ရောတောပေါတော လိုက်သွားတာပေါ့လို့"
ရယ်ကျဲကျဲ ဖြေတဲ့ Jisoo အဖြေကို သူခေါင်းခါပြီး
"သွားတော့မယ် ဂေါက်သီးမရေ ငါအတန်းနောက်ကျလိမ့်မယ် တာ့တာ"
"အေးအေး ဘိုင်"

Jisoo မေမေကိုရော နှုတ်ဆက်ပြီး သူ bus စီးပြီး ကျောင်းကို ပြေးရတော့သည်။ သူကျောင်းရောက်တော့ အတန်းထဲ ဆရာတောင်ဝင်နေပြီ ဖြစ်သည်။

"ဆရာ ဝင်ခွင့်ပြုပါ"
"အေး"

ရုပ်တည်တည် အသံမာမာကြီးနဲ့ဖြေတဲ့ဆရာကြောင့် သူ အမြန် Jin ဘေးနား ဝင်ထိုင်လိုက်တော့ Jin က တိုးတိုးလေးကပ်ပြီး

Be My Teacher ForeverWhere stories live. Discover now