Ep- 19

11.5K 1K 57
                                    

Unicode;

ဒီနေ့ Jimin ရုံးရောက်တော့ ဧည့်သည်တွေ ထိုင်တဲ့နေရာမှာ ထိုင်နေတဲ့ Yoongi Hyung ကို တွေ့ရသည်။

"Jimin လေး"
"Yoongi Hyung"
"Jimin လေး ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"
"အာ English ဆရာ လုပ်နေတာ တစ်ပတ်လောက်ပဲရှိဦးမယ်"
"အော်.."
"Hyung ရော"
"အာ ငယ်လေးအတွက် မေမေက ဟင်းတွေ ပို့ခိုင်းလိုက်လို့ လာပို့ပေးတာ Namjoon နဲ့တော့ မကြာမကြာ တွေ့ဖြစ်တယ် သူတောင် မင်္ဂလာဆောင်တော့မယ်တဲ့"
"ဟုတ်တယ် Hyung နောက် ၅ ရက်လောက်ပဲ ကျန်တော့တယ် ထင်တယ် လာမယ်မလား"
"လာရမှာပေါ့ Jin Hyung က ကိုယ့်ကို သိပ်မကြည်ပေမယ့် Namjoon နဲ့က အလုပ် ကိစ္စနဲ့ မကြာမကြာ တွေ့နေတာဆိုတော့ ရင်းနှီးနေပီလေ"
"Jin Hyung က Hyung ကို မကြည်တာ ဘယ်လိုသိလဲ"
"Namjoon ပြောပြတာ"
"ဟီးး Namjoon Hyung ကတော့ တကယ်ပဲ အဲ့ဒါကြောင့် သူတို့ ခဏ ခဏ ရန်ဖြစ်တာ"
"ဟား ဟား ဒါနဲ့ Jimin လေး ဘယ်မှာနေနေလဲ"
"အရင်နေရာမှာပဲ Hyung"

Suga Hyung နဲ့ စကားတွေ ပြောပြီး ရယ်နေတဲ့ Jimin ကို ကြည့်ပြီး Jungkook ဒေါသထွက်လာတော့သည်။ အလိုမကျတော့...။ Suga Hyung ဆီ တည့်တည့် သွားလိုက်ပြီး

"ဘာကိစ္စရှိလို့လဲ Hyung"
"အင်း Kook မေမေက ဟင်းပို့ခိုင်းလိုက်လို့ မင်း ဒီလထဲ အိမ်လာမလည်လို့တဲ့ ပြောနေတယ်"

Suga Hyung ပြောနေတာတွေ အာရုံမရ ဘေးနားက အသေးလေးကိုပဲ

"English ဆရာအသစ်က ဒီမှာ ဘာလုပ်နေတာလဲ ရုံးချိန်ရောက်နေပြီ မသွားသေးဘူးလား"
"ဟုတ် သွားပါပြီ... Yoongi Hyung ကျွန်တော်သွားတော့မယ်နော်"

ပြောပြီး နှုတ်ဆက်သွားသည့် Jimin ကြောပြင်ကို ငေးနေတဲ့ Jungkook ကိုကြည့်ပြီး Suga ပြုံးမိသည်။ ငယ်လေး ခုထိ အရင်အတိုင်းပဲ Jimin လေးကို သဝန်တိုနေတတ်တုန်း..။ Namjoon ပြောပြလို့ Suga အကုန်သိပြီးပြီ။ ကိစ္စကို အစအဆုံး သိနေတဲ့ သူတစ်ယောက် အနေနဲ့ရော အစ်ကို တစ်ယောက် အနေနဲ့ပါ Kook နဲ့ Jimin ကို ပြန်အဆင်ပြေစေချင်မိတာ အမှန်...။

"ပေး Hyung အမေကို လမကုန်ခင် လာလည်မယ်လို့ပဲ ပြောပေးပါ Mr.Min ကိုလည်း စိတ်မပူနဲ့လို့"
"ငယ်လေး"
"အင်း ပြော"
"စနေနေ့ အားတယ်မလား Hyung နဲ့ မင်္ဂလာဆောင် တခု လိုက်ခဲ့ပါ့လား"
"ဘယ်သူ့ မင်္ဂလာဆောင်လဲ"
"ကျောင်းတုန်းက သူငယ်ချင်းအတွဲ ကျောင်းကတည်းက တွဲနေကြတာလေ ရည်းစားသက်တမ်းက ၇ နှစ်လောက် ရှိပြီ"
"Hyung သူငယ်ချင်း မင်္ဂလာဆောင် ကျွန်တော်က ဘာလို့ လိုက်ရမှာလဲ"
"မင်း လိုက်သင့်တယ်ထင်လို့ သေချာပေါက် လိုက်ခဲ့နော် Kook, Hyung ပြန်ပီ"
"အင်း"

Be My Teacher ForeverDove le storie prendono vita. Scoprilo ora