Ep - 11

11.2K 1K 31
                                    

Unicode;

ကျောင်းပိတ်ရက်မို့ နောက်ကျတဲ့ထိ အိပ်မယ်တွေးထားသောလည်း ဖုန်း ringtone သံကြောင့် သူနိုးလာတော့သည်။

"ဟဲလို ဘယ်သူလဲ"
"ငါပါ Taehyung မင်းအဖေ"
"ငါ့အဖေဆိုလဲ ဒါပဲဟေ့ ကျောင်းပိတ်ရက်တော့ အိပ်ပါရစေ ပြီးမှပြန်ဆက်"
"မရဘူး ပြီးမှ ပြန်အိပ် မင်းအခန်းရှေ့ရောက်နေပြီ တံခါးလာဖွင့်"
"ကျစ်... လာပီ ဒါပဲ"

သူလဲ အိပ်ချင်မူးတူးနဲ့ တံခါးထဖွင့်လိုက်သည်။ Taehyung က

"ဘယ်လောက်ပဲ ကျောင်းပိတ်ရက်နေနေပေါ့ 11 နာရီတောင် ထိုးနေပြီ ထသင့်တယ် မဟုတ်ဘူးလား နေ့လည်စာ စားချိန်တောင် ရောက်တော့မယ်"
"11 တောင်ထိုးပီလား?? မသိဘူး မနေ့ညက အိပ်မပျော်လို့"
"အိပ်မပျော်ရအောင် ဘာတွေလုပ်နေလို့လဲ"

Taehyung အမေးကြောင့် သူ ည က အကြောင်း သတိရသွားသည်။ ညက Jimin ကို လိုက်ပို့ပြီး ပြန်လာကတည်းက တယောက်ထဲ အိပ်ရာထဲ လူးလိမ့်ရင်း ပြုံးလိုက် ရယ်လိုက် Jimin Hyung အကြောင်းတွေးလိုက်နဲ့ တော်တော်နှင့် အိပ်မပျော်ခဲ့..။ အထူးသဖြင့် Hyung ရဲ့ နှုတ်ခမ်းထူထူ ဖောင်းဖောင်းလေးတွေ..။ အရမ်းနူးညံ့ပြီး စွဲမက်ဖို့ကောင်းတယ်.....။

"ဟီးး ဘာမှမလုပ်ပါဘူးကွာ ဒီတိုင်း အိပ်မပျော်တာ"
"Ya Jeon Jung Kook တခြားသူပဲ သွားလိမ် ဖြေတာကိုက ပြုံးစိစိနဲ့"
"ဟီးးး အမှန်တော့ ငါပြောပြချင်နေတာ ချက်ခြင်းပြောပြလိုက်ရင် ပေါ့သွားမှာစိုးလို့ စကားပုလ္လင်ခံကြည့်တာ"
"အံ့မယ် ထူးထူးခြားခြားပါလား ဘာမို့လို့ ဒီလောက် ပြောပြချင်နေရတာလဲ လုပ်ပါဦး စာမေးပွဲ မေးခွန်းပေါက်လို့လား"

Tae စကားကြောင့် သူရယ်မိသည်။ အနားရှိတဲ့ ခေါင်းအုံးနဲ့ တချက်ထုလိုက်ရင်း

"ဒီအရူးကတမျိုး... စာမေးပွဲမေးခွန်း ငါက ဘယ်က ရရမှာလဲ"
"မသိဘူးလေကွာ မင်းက အမြဲ မင်းရဲ့ privacy ကိစ္စဆို ငါ အတင်းမေးမှ ဖြေတာကို အခုကျ မင်းဘက်က အရင်စပြောချင်တာဆိုလို့ ငါလည်း ငါထင်တာပြောကြည့်တာပေါ့"
"Hyung အသေးလေး အကြောင်း"
"ဘာ.. ပိုအံ့ဩသွားပြီ ခါတိုင်း ၁၆ ခါလောက်မေးမှ ဖြေတဲ့ကောင်က ဒီနေ့ သူအရင်ပြောမယ်တဲ့ လုပ်ပါဦး ဘာလို့လဲ ဘာဖြစ်ကြတာလဲ အခြေနေ ဘယ်လိုလဲ ငါစိတ်ဝင်စားနေပီ"

Be My Teacher ForeverDonde viven las historias. Descúbrelo ahora