Ep - 12

11K 1.2K 60
                                    

Unicode;

တနင်္ဂ နွေနေ့မို့ Jimin တစ်ယောက် အိပ်ရာထဲလှဲကာ ဖုန်းသုံးနေစဉ် ရုတ်တရပ် ဖုန်းဝင်လာသော unknown number တခုဝင်လာသည်။ သူလည်း ဘယ်သူလဲ မသိဘူး ဆိုတဲ့ စိတ်နဲ့ ကိုင်လိုက်တော့

"Hello"
"Jimin Hyung လား"
"ဟုတ် ဘယ်သူလဲမသိဘူးဗျ"
"ကျွန်တော့် အသံတောင် မမှတ်မိဘူးလား Jungkook ပါခင်ဗျ Jeon Jung Kook"
"မင်းက ငါ့ဖုန်းနံပါတ် ဘယ်ကရတာလဲ"
"ဟိုတခါ Hyung အိမ်ကို ဆက်ကတည်းက မှတ်ထားတာ ဟီး"

ဖုန်းထဲက Jungkook စကားကြောင့် Jimin ပြုံးလိုက်မိသည်။ တော်တော်လည်တဲ့ ကလေး..။ သူလည်း အသံမာမာနဲ့

"ဘာလဲ ဘာပြောမလို့လဲ"
"Hyung ဒီနေ့ ဘယ်မှ မသွားစရာမရှိဘူးမလား"
"ဘာလုပ်မလို့လဲ မင်းက"
"ကျွန်တော်နဲ့ Date ပေးပါ့လား"

ဖုန်းတဖက်က စကားကြောင့် Jimin အသက်ရူဖို့ပင် မေ့သယောင်ယောင်။ ဘုရားရေ လူဖြစ်လာတဲ့ အသက် ၂၀ မှာ ပထမဆုံး Date ခံရတာပါလား..။ ရင်ခုန်သံတွေလည်း မြန်လာသလို။ မငြင်းရက်သလို ငြင်းဖို့လည်း ဆန္ဒမရှိ။ သူလည်း ရင်ခုန်သံတွေ ပြန်ထိမ်းရင်း အသံမာမာနဲ့

"ဘာအချိန်လဲ"
"အင်း နောက်နာရီဝက်နေရင် လာခေါ်မယ်လေ"
"အင်း.. ဒါပဲ"

သူဖုန်းချလိုက်ပြီး ချက်ခြင်းဗီရိုနားပြေးကာ ဝတ်စရာ ရွေးရတော့သည်။ ပထမဆုံး Date တာ ပုံတုံးတုံး သွားလို့မဖြစ်ဘူး...။.................။

JK pov;
ငြင်းမယ်လို့ ထင်ထားပေမယ့် ဘာမှမပြောပဲ အင်း ဆိုတဲ့ အဖြေကြောင့် သူ ထခုန်မိတော့သည်။ ဘေးနားက Taehyung က

"ဘယ်လိုလဲ သွားမယ်တဲ့လား ဘာပြန်ဖြေလဲ"
"အင်း တဲ့"
"ဝိုးး မင်းဆရာက သဘောကောင်းပါတယ် မငြင်းရှာပါဘူး စိတ်ထားလေးက မျက်နှာလေး အတိုင်းပဲ ချစ်စရာလေး"

Taehyung စကားကြောင့် သူ အပြုံးတွေရပ်သွားသည်။ ကြည့်ပါဦး သူများလူကို ချစ်စရာလေးတဲ့..။ သူလည်း အနားက ခေါင်းအုံးနဲ့ ရိုက်ရင်း

"ငါ့ Minie လေးကိုများ မင်းက ချစ်စရာလေး ဘာလေးနဲ့ အဲ့ဒါ ငါ့ Hyung ငါ့လူ ငါ့အပိုင် စိတ်နဲ့တောင် မပြစ်မှားမိစေနဲ့"
"အား နာတယ်ကွ မင်းကလည်း ဒါလေးပြောတာကို နောက် မပြောဘူးကွာ သူငယ်ချင်း အချင်းချင်းကို သဝန်တွေ လာတိုနေတာ စိတ်ချ ငါလည်း မင်းဆရာ မကြိုက်ဘူး ငါ့မှာ ကြိုက်တဲ့သူ သက်သက်ရှိပြီးသား"
"တကယ်လား ဘယ်သူလဲ"
"ဟီးးး မင်းအကို"
"ဘာ"
"ဟီးး တွေ့ပါများလို့ ချစ်ကျွမ်းဝင်ဆိုတာ မကြားဖူးဘူးလား မင်းအကို ဒီလောက်ချောတာ ကြာတော့ ငါလည်း စျာန်လျောတာပေါ့လို့"

Be My Teacher ForeverWhere stories live. Discover now