Ep - 17

10.1K 1K 33
                                    

Unicode;

"တီတီတီ"

ဖုန်းသံကြောင့် Taehyung နာရီကြည့်လိုက်တော့ ည ၁ နာရီ ကျော်ကျော်လေး။

"ဟဲလို"
"ဟဲလို Hyper Night Club ကပါခင်ဗျ ဆရာ့သူငယ်ချင်း ထုံးစံအတိုင်း"
"အိုခေ လာပီ"

တဖက်က စကားမဆုံးခင် လာပီပြောပြီး ဖုန်းချလိုက်တာနဲ့ စိတ်ထဲ ကျိန်ဆဲမိသည်။ ကျစ်.. ဒီကောင်ကတော့ အသောက်လွန်ပြီး အသည်းခြောက်ရောဂါနဲ့ မြန်မြန်သေတော့မှာပဲ..။ ညဝတ်အင်္ကျီအပေါ်အနွေးထည်ပဲ ကောက်စွပ်ကာထွက်လာခဲ့လိုက်တော့သည်..။ Club ရောက်တာနဲ့ bar ရှေ့မှာ မှောက်နေတဲ့ Jungkook ကိုကြည့်ပြီး သက်ပြင်းချမိသည်။

"Ya Jeon Jung Kook"
"ဟင် Jimin Hyung လား ဟီးး သတိရနေတာ"

စကားထပြောပြီး ပြန်မှောက်သွားတဲ့ Jungkook ကြောင့် Taehyung ခေါင်းခါမိသည်။ Australia ကို ချက်ခြင်းထထွက်သွားကာ ၃ နှစ်ကြာမှ ပြန်လာပြီး နှစ်ယောက်အတူ သင်တန်းတွေတက်လေ့လာကာ ကိုယ်ပိုင် Center လေးဖွင့်ခဲ့ကြတာ ၂ နှစ်တောင်ရှိပြီ..။ ပြန်လာကတည်းက Jimin Hyung နဲ့မတွေ့ခင်ကလို Frozen Heart ကြီး ပြန်ဖြစ်သွားခဲ့တာ။ ရုံးချိန်တွေ သာမန်နေ့ခင်းဘက်တွေမှာဆို ရုပ်တည်ကြီးနဲ့ မျက်နှာထားတင်းတင်းကြီးကြောင့် ဘယ်သူမှ မခေါ်မပြောရဲ သူကသာ အကြောင်းသိတဲ့ ငယ်ကတည်းက သူငယ်ချင်းမို့။ ပုံမှန် အချိန်တွေ Jimin Hyung အကြောင်းသွားပြောကြည့် သူ့အကြောင်းတွေ ဘယ်တော့မှ ငါ့ရှေ့လာမပြောနဲ့ ဘာညာနဲ့ လူကို ဝါးစားမတတ် ကြည့်တတ်သည်။ အဲ.. Friday or Saturday night လိုရက်မျိုးဆိုရင်တော့ အမြဲမူးနေအောင် သောက်တတ်ပြီး Jimin Hyung ကို တဆာဆာအော် တတော့သည်။ အဲ့လိုအချိန် Jimin Hyung အကြောင်းသွားပြောကြည့်ပါ့လား ဟိုး banana milk ဗူး ပေးတဲ့အချိန်ကနေစပြီး Jimin Hyung နဲ့ သိခဲ့တဲ့ တလျှောက်လုံး Jimin Hyung ရဲ့ အသက်ရူသံလေးကအစ ဘယ်လိုဆိုတာမျိုး ပြောတတ်သည်။ Friday or Saturday night တိုင်း အမြဲ ကားမမောင်းနိုင်လေအောင် သောက်တတ်လို့ သွားနေကျ club ကတောင် ဖုန်းခဏခဏ ခေါ်ပေးရလွန်းလို့ Taehyung နံပါတ်ကို အလွတ်ရနေလောက်ပြီ..။
Taehyung လည်း Jungkook ကို မနိုင်တနိုင် အခန်းထိ မ လာခဲ့သည်။ စိတ်ထဲလည်း ကျိန်ဆဲပြီးရင်း ကျိန်ဆဲနေမိသည်။ မူးမယ်ဆိုလည်း သယ်ရလွယ်အောင် ခန္ဓာကိုယ်လေး သေးအောင်နေပါ့လား ယုန်ဗလရေ..။

Be My Teacher ForeverWhere stories live. Discover now