Ep - 5

12.9K 1.2K 15
                                    

Unicode;

JM pov;

"တကယ် မေ့ပစ်ရမှာလား.. ကျွန်တော် က မမေ့ချင်ဘူး"

သူ့မျက်လုံးကို သေချာစိုက် ကြည့်ပြီး ပြောတဲ့ Jung Kook စကားကြောင့် သူဆွံ့အသွားမိသည်။ ဘာလို့လဲ..။ ဘာလို့မမေ့ချင်ရတာလဲ..။ တဖြည်းဖြည်း နှလုံးခုန်သံတွေ မြန်လာသလို..။ အသက်ရူရခက်လာသလို...။ ဘယ်လိုခံစားချက်ကြီးလဲ..။ သူအမြန် စကားလမ်းကြောင်းလွှဲ့ဖို့ ဆုံးဖြတ်လိုက်တော့သည်။

"Jungkookie ရဲ့ စည်းကမ်းချက်တွေလည်း ပြောလေ"
"ဟုတ်ပါပြီ.. ထွေထွေထူးထူးတော့ မဟုတ်ပါဘူး..ပေါ့ပေါ့ပါးပါးလေးတွေပါ.. နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်"
"အင်း ပြောကြည့်လေ JungKookie"
"အင်းး နံပါတ် ၁ မိသားစုအကြောင်းမမေးရဘူ"
"စိတ်ချပါ Hyung က အဲ့လို သူများကိစ္စ စပ်စုတတ်တဲ့သူ မဟုတ်ပါဘူး"
"နံပါတ် ၂ က ကျွန်တော်ကို့ဘာသာပဲ စာလုပ်တတ်တာမို့ ဒီတိုင်းဘေးကပဲ ထိုင်ပေး နားမလည်တာရှိရင် မေးမယ် အဲ့ခါမှ ဖြေပေး"

ဒီစည်းကမ်းချက်ကတော့ Jimin အတွက် နည်းနည်း ကသိကအောင့် ဖြစ်မိသည်။
ဘယ်လိုကြီးလဲ အဲ့ဒါဆို ဘာလို့ ဆရာခေါ်နေသေးလဲ ကိုယ့်ဘာသာ လုပ်ပါ့လား..။ ငါက စာမသင်ပဲ သူစာလုပ်တာကို ငုတ်တုတ်ထိုင်ကြည့်နေရမှာလား..။ သူ့အတွေးတောင် မဆုံးသေးဘူး JK က

"Jimin shi ဘယ်လိုတွေးနေမလဲဆိုတာ သိပါတယ် စိတ်မပူပါနဲ့ ကျွန်တော် နားမလည်တာရှိရင် ရှင်းပြခိုင်းမှာပါ.. ကျွန်တော်နားမလည်တဲ့ စာတွေကလည်း တော်တော်များတာမို့"

အလိုလေး..။ ဘယ်လိုကောင်လေးလဲ မသိရင်သူက ကိုယ့်စိတ်ကို ဖတ်နေတဲ့အတိုင်းပဲ..။

"ကောင်းပါပြီ"
"နံပါတ် ၃ ကျွန်တော် စာကြိုးမှာပါ ဒါပေမယ့် လပတ်စာမေးပွဲတွေတော့ အမှတ် ၀ နဲ့ ကျအောင်ဖြေမှာမို့ နားလည်ပေးစေချင်တယ်.. ဟို အတန်းတင်စာမေးပွဲတော့ သေချာပေါက် အောင်စေရပါမယ်"

အမေကတမျိုး သားကတမျိုးနဲ့ ဘာလဲ ငါက အမေနဲ့သား စစ်ပွဲကြား ရောက်နေတာလား..။ သူ သက်ပြင်းချရင်း...။

"Jungkook ka ဒီစည်းကမ်းတော့ မထည့်ပါနဲ့.. လပတ်ကို အမှတ် ၀ ရအောင်လည်း မလုပ်ပါနဲ့"
"Jimin shi စိတ်ပူစရာမလိုဘူးလေ အတန်းတင်စာမေးပွဲတော့ အောင် အောင် ကြိုးစားဖြေမှာပဲကို"
"ဒါပေမယ့်လည်း.. အမှန်က JungKookie အမေက Hyung ကို JungKookie အမှတ်စာရင်းပေါ်ကြည့်ပြီး လစာညှိုနှိုင်းမယ် ပြောထားလို့.. အမှန်တိုင်းပြောရရင် Hyung ကလည်း ကျောင်းတဖက်နဲ့ဆိုတော့ ငွေနည်းနည်းခက်ခဲလို့..အဲ့ဒါကြောင့်"

Be My Teacher ForeverWaar verhalen tot leven komen. Ontdek het nu