LMA (7)

8K 597 7
                                    


ဟန်ထင်းဟွာတစ်ယောက် သူဘာဖြစ်လို့ လျိုအန်ဟိုင့်ကို လက်လွတ်မခံချင်ဖြစ်နေမှန်းကို မသိနိုင်ဖြစ်နေတယ် ။ ခုလည်း အတင်းနောက်ကလိုက်သွားပြီး လျိုအန်ဟိုင့်ကားကိုပါ ပိုင်စိုးပိုင်နင်းလုမောင်းလိုက်သေး ။ သူ့စိတ်က လုံးဝ ရေရေရာရာမတွေးတောနိုင်တဲ့ အနေအထားဖြစ်နေတာမို့ ဘယ်နေရာကိုသွားရမယ်မှန်း မသိတာနဲ့ သူမရဲ့ penthouseဆီကိုပဲ မောင်းခဲ့လိုက်တယ် ။

လျိုအန်ဟိုင့်အိမ်ထဲမှာ နေချင်စဖွယ် ပရိဘောဂအပြင်အဆင်တွေနဲ့ အရောင်နုနုလှလှတွေကို မြင်ရလိမ့်မယ်လို့ ထင်းဟွာ မထင်မထားခဲ့မိဘူး။ လူတစ်ယောက်တည်းနေဖို့အတွက် ကြီးမားလွန်းတဲ့ ဒီpenthouseမှာ ဧည့်ခန်းရယ် ၊ barရယ် ၊ အလှမွေးငါးကန်ကြီးရယ် ၊ မီးဖိုချောင်ရယ်က အောက်ထပ်မှာရှိပြီး ၊ အပေါ်ထပ်မှာတော့ အိပ်ခန်းသုံးခန်းရယ် ရေချိုးခန်းရယ် ပါဝင်တယ် ။

အန်ဟိုင်က ဆိုဖာမှာ အရင်ဝင်ထိုင်လိုက်ပြီး
' ထိုင်လေ ဘာလုပ်နေတာလဲ ' ပြောပြီး ကော်ဖီစားပွဲပေါ်က ဆေးတွေထည့်ထားတဲ့ဘူးကို လက်ညှိုးထိုးပြတယ် ။

ဆေးဘူး? လျိုအန်ဟိုင်က ဘယ်တုန်းကများ သနားဂရုဏာသက်စိတ်တွေ စဝင်သွားတာတုန်း။ သူမကားကို ယူမောင်းမိလို့ လက်စားချေဖို့များ ကြံစည်နေတာလားပဲ ။ လက်စားချေချေ မချေချေပါ ထင်းဟွာ သူမဘေးနားက ဆိုဖာပေါ်မှာ ထိုင်လိုက်တယ် ။

အန်ဟိုင် - ' လက် '

ထင်းဟွာ ရင်တွေခုန်နေတာ နှလုံးရောဂါရတော့မတတ်ပဲ။ လျိုအန်ဟိုင်က တကယ်ကြီး သူ့ဒဏ်ရာကို ဆေးထည့်ပေးဖို့လုပ်နေတာ ။ သူမနဲ့ နီးနီးကပ်ကပ်ထိုင်ဖူးတာဆိုလို့လည်း ဒါက ပထမဆုံးအကြိမ်ပဲ ။ ဘယ်လောက်တောင် နီးကပ်နေလဲဆို သူမရဲ့မျက်တောင်ရှည်ကြီးတွေကိုပါ ထင်းဟွာ တစ်ချောင်းချင်းရေတွက်လို့ ရလောက်တယ် ။

သူမကို တောက်လျှောက်စိုက်ကြည့်နေတဲ့ ဟန်ထင်းဟွာကြောင့် အန်ဟိုင် သူ့လက်ကို ဆေးထည့်ပီးပတ်ပေးနေတဲ့ ပတ်တီးကို ပိုတင်းတင်း ဆွဲစည်းပစ်လိုက်တယ် ။

အန်ဟိုင် - ' နင့် အင်္ကျ ီချွတ်လိုက် '

' ဘာလို့လဲ? ' ထင်းဟွာ မေးလိုက်တယ် ။
' နင် တကယ့် လျိုအန်ဟိုင်အစစ်ကို ဘယ်မှာဖွက်ထားတာလဲ?'

Love Me Again ( Unicode Ver ) MM translation ✅Where stories live. Discover now