ဟေး ရှေ့က CH (x)ကို ကျော်ထားတယ်နော်
မရှာကြနဲ့ ရှိဘူး 😬😬😬##############
အန်ဟိုင် အိပ်ယာကနိုးလာတော့ နေ့လည်ခင်းလောက်တောင် ဖြစ်နေပြီ ။ အိပ်ယာထဲမှာတော့ သူမတစ်ယောက်တည်း ။
အလွန်အကြူးလိုက်စားမိတဲ့ အကျိုးဆက်ကတော့ သူမတကိုယ်လုံး နာကျင်ကိုက်ခဲနေတာပါပဲ ။ ဒါပေမယ့် စေးကပ်ကပ်ကြီးတော့ ဖြစ်မနေဘူး ။ ညက အကုန်ပြီးသွားတော့ ထင်းဟွာက သူမကို ကျောက်စိမ်းဖြူbathtubထဲမှာ စိမ်ပေးပြီး နောက်တစ်ကြိမ် သူမကိုယ်ထဲ ထပ်ဝင်သေးတယ် ။ :3
သူမ အရှက်မဲ့စွာပဲ အော်ဟစ်ပြီး ရပ်ပေးဖို့ တောင်းပန်ပါသေးတယ် ။ နောက်တော့ မခံနိုင်တော့တာနဲ့ပဲ သတိလစ်သွားခဲ့တယ် ။ညက အမှတ်တရတွေကို ပြန်တွေးပြီး အန်ဟိုင့်မျက်နှာကြီး နီရဲလာတယ် (me too😖)
ဟန်ထင်းဟွာရဲ့ ချစ်စိတ်မွှန်မှုက ဒီလောက်ထိ ကြောက်စရာကောင်းလိမ့်မယ်လို့ သူမ ထင်မထားဘူး။ မနေ့ညက ဘယ်နှစ်ခေါက်လောက် လုပ်ခဲ့ကြမှန်းတောင် မမှတ်မိနိုင်တော့တာ သူမရဲ့ တချို့အစိတ်အပိုင်းတွေဆို ပိုတောင် ကိုက်ခဲနေပြီ ။ဒါတောင် ညှဉ်းဆဲခံထားရတဲ့ သူမ ခါးသွယ်သွယ်လေးကို ထည့်မပြောထားသေးဘူး ။အန်ဟိုင် ရှက်စိတ်ကြောင့် ထူပူနေတဲ့မျက်နှာကို လက်နဲ့အုပ်ထားမိတယ် ။ နိုးနိုးချင်း ဟန်ထင်းဟွာကို မမြင်ရတာကြောင့် နည်းနည်းတော့ စိတ်ပျက်မိသလိုဖြစ်ပေမယ့် တစ်ဖက်ကကြည့်တော့လည်း တော်တော်ကြီးကို စိတ်သက်သာရာရတယ် ။
သူမအနေနဲ့ နောက်ထပ် လွတ်မြောက်အောင်မကြိုးစားတော့ဘူးလို့ ဆုံးဖြတ်ထားပြီးပေမယ့်လည်း ၊ တစ်စုံတစ်ယောက်ကို ချစ်တော့မယ် ၊ ဟန်ထင်းဟွာကို ချစ်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားပေမယ့်လည်း သူမက ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူးလေ ။ အချစ်... ဒီအရာကြီးက သူမနဲ့ အရမ်းကို စိမ်းသက်နေသေးတယ် ။
ဟန်ထင်းဟွာနဲ့ကျတော့ ... အင်း သူတို့နှစ်ယောက်က မနေ့ညကအထိကို ခါးသီးနေတဲ့ရန်သူကြီးတွေပဲ ။ ဒါပေမယ့် တစ်ညလေး .. တစ်ညလေးပဲ အတူူဖြတ်သန်းလိုက်တာက ဒီအခြေအနေကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေတယ် ။ အဲ့ဒီ့ပြောင်းလဲမှုကပဲ အန်ဟိုင့်ကို ကူကယ်ရာမဲ့သလို ခံစားရစေတာ ။အမြဲ ဂုဏ်ယူမောက်မာနေတတ်ခဲ့တဲ့ Queenက ခုချိန်မှာကျ အခုမှ ပထမဆုံးအကြိမ် စချစ်ဖူးတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို ရင်ခုန်လှုပ်ရှားနေမိတာမို့ ။
ESTÁS LEYENDO
Love Me Again ( Unicode Ver ) MM translation ✅
RomanceUnicode Version of Love Me Again .