လျိုအန်ဟိုင် လက်ပိုက်လိုက်ပြီး လူပုံအလယ်ပြဿနာမရှာချင်လို့ ပိုက်နက်ကျူးကျော်လာတဲ့သူကို သူမရဲ့ရုံးခန်းထဲ ခေါ်လိုက်တယ် ။ရုံးခန်းထဲက အန်ဟိုင့်ရဲ့ Artစာအုပ် collectionကိုမြင်ပြီး ထင်းဟွာ အံ့သြသွားတယ် ။
အန်ဟိုင် - ' နင် ဒီကိုဘာလာလုပ်တာလဲ '
ထင်းဟွာ - ' ပြောပြီးပြီလေ နေ့လည်စာလာပေးတာလို့ '
ထင်းဟွာ သူမရဲ့စားပွဲပေါ်မှာ နေ့လည်စာကို ခင်းကျင်းလိုက်တယ်။ သူယူလာတာက အန်ဟိုင့်အကြိုက်ဆုံး အချိုပွဲတွေနဲ့ လက်ဖက်ရည်အပူထည့်လာတဲ့ ဓာတ်ဘူး ။
ထင်းဟွာ - ' အန်ကယ်လျိုက စာဖိုမှုးကို နင်အရမ်းကြိုက်တဲ့ အချိုပွဲတွေချည်း ပြင်ခိုင်းလိုက်တာ '
အန်ဟိုင် စားပွဲပေါ်က ချောကလတ်ကိတ်တုံးကို မြင်ပြီး ဝေခွဲရခက်သွားတယ်
' ငါ့အဖေ ဘယ်လိုနေလဲ ' အန်ဟိုင် မေးလိုက်တယ် ။
'ကောင်းပါတယ် ' ထင်းဟွာပြန်ဖြေပြီး အန်ဟိုင့်စားပွဲရှေ့က ခုံမှာ ဝင်ထိုင်လိုက်တယ် ။
ထင်းဟွာအမြင်မှာတော့ လျိုချန်းဟွာရော လျိုအန်ဟိုင်ရောက သူတို့နှစ်ယောက်လုံးရဲ့ ခံစားချက်အစစ်တွေကို လူတွေသိအောင် ချမပြချင်တဲ့ လူနှစ်မျိုးနှစ်စားပဲ ။
အန်ဟိုင် သူမရဲ့ ဆုံလည်ထိုင်ခုံမှာထိုင်လိုက်ပြီး ရာဇပုလ္လင်ပေါ်မှာထိုင်နေသလိုပုံနဲ့ လှည့်နေလိုက်လိုက်တယ် ။
' နင် ဘယ်တော့ ငါ့အိမ်ကထွက်သွားမှာလဲ 'အလိုမရှိပါသော သူမရဲ့ကလေးထိန်းက သူမကို လွတ်လပ်မှုတွေ မပေးပါသောပဲ ။ သတ်မှတ်ထားတဲ့အိမ်ပြန်ချိန်ကျော်သွားတာနဲ့ အဖေ့ကို ပြန်သတင်းပို့မယ်လို့တောင် ခြိမ်းခြောက်ထားသေး ။
' ဒါကတော့ အန်ကယ်လျို့အပေါ်ပဲ မူတည်တယ် ' ထင်းဟွာပြန်ဖြေပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်တယ် ။
အန်ဟိုင် - ' ငါ့ကို ခြိမ်းခြောက်ချင်တာနဲ့ပဲ အဖေ့ကို ခုတုံးလာလာမလုပ်နဲ့ '