LMA (6)

8.3K 600 2
                                    

ဟန်ထင်းဟွာ Luo ဟိုတယ်ရှေ့မှာရပ်ထားတဲ့ အန်ဟိုင့်ရဲ့ကားရှေ့ပြေးဝင်ရပ်လိုက်ပြီး ကားထဲဝင်ထိုင်လိုက်တယ် ။

အန်ဟိုင် - ' ဟန်ထင်းဟွာ နင်ရူးနေလား ! ငါ့ကားခြစ်မိသွားရင် နင့်ကို သတ်မှာနော် '

ထင်းဟွာ အန်ဟိုင့်ကို လျစ်လျူရှုပြီး ထိုင်ခုံခါးပတ်ပတ်လိုက်တယ် ။

ဧည့်သည်တွေအများကြီးရှေ့မှာ ပြဿနာမရှာချင်လို့ပေါ့ မဟုတ်ရင် အန်ဟိုင် ဟန်ထင်းဟွာကို ကားထဲကနေ ကန်ချပစ်လိုက်ပီ။

ဒေါသတွေကို အတင်းချိုးနှိမ်ပြီး အန်ဟိုင် Luo ဟိုတယ်ရှေ့ကနေ မောင်းထွက်လာလိုက်တယ် ။ ပြီးတော့ ဟိုတယ်ရဲ့တစ်လမ်းကျော်က လမ်းဘေးနားမှာ ကားကိုရပ်လိုက်ပြီး

အန်ဟိုင် - ' ဆင်းတော့ '

ဟန်ထင်းဟွာ ကားထဲက ကားသော့ကို ဆွဲဖြုတ်ယူပီး ထွက်လိုက်တယ် ။ အန်ဟိုင်ကားကို အရှိန်မနင်းခင်ပေါ့။

အန်ဟိုင်ပါ ကားထဲကထွက်ပြီး ကားသော့ပြန်ယူဖို့ လုပ်ရတော့တာပေါ့ ။ ချီး ။ ဒင်းက ဘာလို့ကလေးသေးသေးလေးပဲ တသက်လုံးဖြစ်မနေရတာလဲ ။

ထင်းဟွာ ကားသော့ကို Luo ဟိုတယ်ရှိရာဘက်အခြမ်းဆီ လွှင့်ပစ်လိုက်တယ် ။

အန်ဟိုင် - ' ဟန်ထင်းဟွာ !!!!! ခုချက်ချင်း ငါ့ကားသော့ ပြန်သွားကောက်ပေး !'

ထင်းဟွာ - ' ဘာလို့တုန်း ။ နင့်ကားသော့ကို ရှာတာ နင့်အလုပ်လေ ။ ပြီးတော့ နင့်သော့ကို ရှာပေးရလောက်အောင်လည်း ငါ အားမနေဘူး '

အန်ဟိုင် - '  ဟန်ထင်းဟွာ ... '

ထင်းဟွာ - ' ဘာလဲ  နင်စိတ်အနှောင့်အယှက်ဖြစ်လို့လား ။
နင် အန်ကယ်လျို့ကို ပြောခဲ့တဲ့စကားတွေကလည်း သူ့ကို စိတ်အနှာင့်ယှက်ဖြစ်စေခဲ့တယ် ။ ဒီနေ့က အန်ကယ်လျို့ မွေးနေ့လေ။ နင် ဘယ်လိုပဲ နင့်အဖေနဲ့ အဆင်မပြေပါစေဦး ။ လူရှေ့သူရှေ့မှာတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံသင့်တယ် '

သူမအဖေအပေါ်ကို ဒေါသကြောင့် ဒီလိုမျိုးနာကျင်အောင်ပြောခဲ့မိတယ်ဆိုတာ အန်ဟိုင်ဝန်ခံပါတယ် ။ ဒါပေမယ့် ဟန်ထင်းဟွာဆီက ဒီလို သြဝါဒတွေကိုတော့ သူမ နားမထောင်နိုင်ဘူး ။

Love Me Again ( Unicode Ver ) MM translation ✅Tahanan ng mga kuwento. Tumuklas ngayon