LMA (15)

12.6K 586 6
                                    


လျိုချန်းဟွာ ဆွံ့အသွားတယ် ။ လျိုအန်ဟိုင့်အနေနဲ့ ဒီလိုစကားမျိုး သူ့ဆီ ထုတ်ဖော်ပြောတာ ဒါပထမဆုံးအကြိမ်ပဲ။ ခေါင်းကြောမာတဲ့လေသံအမူအရာနဲ့ပြောတာဖြစ်ပေမယ့်လည်း သူမစကားလုံးတွေထဲက နာကျင်မှုအတိုင်းအတာကို သူခံစားလိုက်ရတာမို့ ရုတ်တရက် တိတ်ဆိတ်သွားတယ်။

သူ့ရဲ့ တစ်ဦးတည်းသောသမီးလေး။ သူ ဘယ်မုန်းရက်ပါ့မလဲ။ တခြားသူတွေရှေ့မှာဆို သူက သူ့သမီးအတွက် အမြဲဂုဏ်ယူနေခဲ့တာ။ ဒါပေမယ့် သူ့သမီးရှေ့မှာတော့ အလိုလို မာမာထန်ထန်ပြုမူနေမိရော ။

တကယ်တမ်းကျတော့လည်း သူ အဲ့စကားတွေကို ဒေါသအလျောက်ပြောခဲ့မိတာပဲရှိတယ် ။ ဘယ်လိုလုပ် သူ့မာနက သူ့သမီးရဲ့ပျော်ရွှင်မှုထက် အရေးကြီးနိုင်ပါ့မလဲ ။

ဒါပေမယ့်လည်း သူတို့နှစ်ယောက်က သွေးချင်းမနှောရင်တောင် မောင်နှမတွေပဲလေ ။ အခုကတော့ ချစ်တယ်ပြောကြတာပေါ့ ။ တနေ့ကျ မချစ်ကြတော့ရင် ဘယ်လိုလုပ်မလဲ? အဲ့ခါကျရင် သူ့သားသမီးတွေ ဘယ်လိုဆက်ဆံကြမှာလဲ ?

ပြီးတော့ အန်ဟိုင်က ဟွာလေးကို အမြဲတမ်းမုန်းနေခဲ့တာလေ ၊ ခုကျ ချစ်တယ်တဲ့လား ။ သူ မယုံကြည်ချင်ပေမယ့်လည်း သူ့အတွေးတွေက အဲ့ဘက်ကို မတွေးမိဘဲနေလို့မရဖြစ်နေတယ် ။

သူမယောက်ျား ဘာတွေးနေလဲရိပ်စားမိတဲ့ မိုင်းဖန်က လျိုချန်းဟွာလက်ကို ဖွဖွပုတ်ပေးပြီး လျိုအန်ဟိုင့်ဘက် လှည့်လိုက်တယ် ။
' အန်ဟိုင် ။ အန်တီ သမီးကို မေးစရာတစ်ခုပဲရှိတယ် ။
ခု ရှောင်ဟွာနဲ့ တွဲနေတာက ။ အန်တီ့ကို လက်စားချေဖို့လုပ်တာလား?'

သူမကလေးနှစ်ယောက်ကို အတူတူမြင်ရတာ ၊ မိုင်းဖန် မလန့်သွားတာတော့မဟုတ်ဘူး လန့်သွားတယ်။ ဒါပေမယ့် ရှောင်ဟွာ ဘာလို့ အန်ဟိုင့်ကို မမလို့ခေါ်ဖို့ငြင်းလဲဆိုတဲ့ အကြောင်းရင်းကို နောက်ဆုံးတော့နားလည်သွားရပြီလေ ။

မိုင်းဖန်က သူ့သားကိုလည်း ကောင်းကောင်းနားလည်တယ်။ ဟန်ထင်းဟွာကလည်း ခေါင်းမာတတ်တဲ့ ကောင်လေးမျိုးပဲ ။ သူ့အနေနဲ့ တစ်စုံတစ်ယောက်ကို ရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် ဒါက တဘဝလုံးအတွက်ပဲ ။ ဒါဖြင့် အန်ဟိုင်ကျတော့ရော? မိုင်းဖန် မသေချာဘူး ။ စိတ်ထဲကတော့ ဘယ်လိုမှမတတ်နိုင်ဘဲ အန်ဟိုင်က သူမကိုလက်စားချေဖို့ သူမရဲ့သားကို အသုံးချနေတယ်လို့ သံသယဝင်မိတယ် ။

Love Me Again ( Unicode Ver ) MM translation ✅Место, где живут истории. Откройте их для себя