အဲ့ဒီ့ barမှာဖြစ်ခဲ့တဲ့မတော်တဆမှုက နောက်ဆုံးမီးစပဲ ။ ထင်းဟွာရဲ့ ပြင်းပြတဲ့အချစ်စိတ်တွေကို အတင်းဖိနှိပ်ထားရတဲ့ ပါးလျလွန်းတဲ့ ချုပ်တည်းနိုင်စွမ်းတွေ တာကျိုးပေါက်ထွက်လာခဲ့တာ ။ ထင်းဟွာဘက်ကတော့ နောက်ထပ်ထပ်စောင့်မနေဖို့ရော ၊ သူမကို ထပ်ပြီး လွတ်မြောက်သွားခွင့် မပေးဖို့ကိုရော စိတ်ပိုင်းဖြတ်ပီးပီ ။ ဒါပေမယ့် လျိုအန်ဟိုင်လိုမိန်းမမျိုးဆိုတာကလည်း အမှန်အကန်ကို ခေါင်းကြောမာလွန်းတာ ။
ထင်းဟွာ စားပွဲပေါ်မှာတင်ထားတဲ့ မဂ္ဂဇင်းအသစ်ထဲက တူညီတဲ့ ခေါင်းကြောမာသောမိန်းမရဲ့ပုံကို လှမ်းကြည့်လိုက်တယ် ၊ တခြားယောက်ျားတစ်ယောက်နဲ့ လက်ပွန်းတတီး ဖက်တွယ်နေတာ ! အဲ့ယောက်ျားဆိုတာကလည်း လျိုအန်ဟိုင်ပဲ ရက်ရက်စက်စက် ပစ်သွားခဲ့လို့ လမ်းမခွဲဖို့ ခခယယတောင်းပန်ပြီး ကျန်ရစ်ခဲ့တဲ့သူ ။
' အယ် ၊ ဟန် ယူ ဘယ်တုန်းက ကျောင်းကိုပြန်လာတာလဲ '
ကျောင်းသားကောင်စီရုံးခန်းထဲ ဝင်လာတဲ့ အိန်ဂျယ်က ထင်းဟွာကို မြင်ပြီး မေးလိုက်တယ် ။ ကျောင်းကို ရက်ရှည်ပျက်ထားတဲ့ သူ့ကို ဒီနေ့တွေ့ရလိမ့်မယ်လို့ အိန်ဂျယ်မထင်ထားဘူးလေ ။
' ဟန် ရောက်လာပြီဆိုတော့ အတော်ပဲ ၊ တို့မှာ ပြောစရာရှိ ... umm ဟန်က ဘယ်တုန်းက ဒီလိုအတင်းအဖျင်းမဂ္ဂဇင်းမျိုးတွေကို စိတ်ဝင်စားသွားတာလဲ 'ကြောင်ပြီး ဟန်ထင်းဟွာ စားပွဲပေါ်တင်လိုက်တဲ့ မဂ္ဂဇင်းကို အိန်ဂျယ် ငေးကြည့်နေမိတယ် ။ ဖြစ်ချင်တော့ သူမလက်ထဲမှာကလည်း တူညီတဲ့ မဂ္ဂဇင်းတစ်စောင်နဲ့ ။
ဟန်ထင်းဟွာရဲ့အဖြေကို မစောင့်ဘဲ အိန်ဂျယ်အရဲစွန့်ပြီး ဒီအတင်းအဖျင်းသတင်းကို ဆွေးနွေးဖို့ စလိုက်တယ် ။
' မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားက ဟိုးသမုဒ္ဒရာရေပြင်အောက်ထဲက အပ်တစ်ချောင်းလိုပဲ ဒါပေမယ့် သူလို ဘုရင်မအတွက်က ပိုတောင်ဆိုးဦးမယ် ! ဟန်တာ့ကို လျိုအန်ဟိုင် ရက်ရက်စက်စက် ပစ်ချခဲ့တာကို ဒီလိုမျိုး sweetဖြစ်ဖြစ် ပူးကပ်နေကြလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ၊ မဂ္ဂဇင်းထဲမှာ ရေးထားတာတော့ သူတို့နှစ်ယောက်ရဲ့ ပက်သက်မှုက အရမ်းနီးကပ်သွားပြီး ခု စေ့စပ်ဖို့တောင် ပြောနေကြပီတဲ့ ။
ဟန် .. အဲ့တာ အမှန်ပဲလား '
![](https://img.wattpad.com/cover/209038489-288-k736233.jpg)
ESTÁS LEYENDO
Love Me Again ( Unicode Ver ) MM translation ✅
RomanceUnicode Version of Love Me Again .