အခန်း (၂) အိမ်မက်ထဲက သူ

963 54 2
                                    

🍀ဒီဇင်ဘာလ (၁၈) ရက်နေ့....
ဆောင်းတွင်းလေးအေးအေးလေးကို ခံစားရင်း perth တယောက် သူ့ရဲ့ (၁၃) နှစ်ပြည့် မွေးနေ့လေးကို ထူးထူးခြားခြားလေး ဖြစ်စေချင်သောကြောင့် စိတ်ကူးယဉ်နေမိသည်....
မနက်မိုးလင်းက mae ကလည်း ခါတိုင်းထက်အလုပ် ပိုရှုပ်ပြနေသလို အကိုဖြစ်သူ plan ကလည်း မအားမလပ် ပုံစံနှင့် စကားတောင်ပြောမရမို့ Perth တယောက် ရုပ်လေးကတော့ ဆူပုပ်စ ဖြစ်နေပါသည်...ထိုအချိန်တွင်....
Mark:  Perth ရေ Perth Perth....
Perth: ဘာလဲကွာ မင်းကလည်း
Mark:  သတင်းထူးကွ သတင်းထူး ဟီးဟီး
Perth:  ဘာကိုလဲ မင်းရုပ်က စပ်ဖြဲဖြဲနဲ့...
Mark: ငါတို့ ရွာက မျက်နှာဖုံး သူဌေးလေ အန်ကယ် Toys လေ သူ့မှာ သမီး (၂) ယောက်ရှိတယ်လေကွာ အာ့ ခုနှစ်ကျောင်းပိတ်ရင် ရွာပြန်လာမှာတဲ့ကွာ...
Perth: စကျိုးနဲ မင်းကွာ ငါက ဘာများလဲလို့ မင်းအသက် ဘယ်လောက်မို့ ယွနေရတာလဲ 😒😒😒
Mark: မင်းကလည်း ငယ်ငယ်ထဲက သူတို့က အချောတွေလေ မင်းအကိုတောင် အကြီးမနဲ့ ရန်ဖြစ်ဖက်ဟာကို ငါကတော့ အငယ်မနဲ့ သတ်နေကြလေ ခုကျတည့်ရင်တည့်မှာပေါ့
Perth:  အေးလေ မင်းနဲ့ငါက သူငယ်ချင်းသာဖြစ်တာ မင်းက အသက်ပိုကြီးတာကို ယွမှာပေါ့ ငါနားလည်ပါတယ်
Mark:  အေး ခုတော့ Plan ဆီ သတင်းပြေးပို့လိုက်ဦးမယ်ကွာ
Perth:  အေးအေး ကြွ ကြွ
Perth pov
အံ့သြပ အသက်ကြီးတဲ့သူနဲ့ပေါင်းထားတာ သူ့ပြန်ထိန်းရမယ့် အပေါက် P Plan နဲ့ပေါင်းရမှာ 😏😏😏
ငါ့မွေးနေ့လေးများ သတိရလို့လာလားမှတ်တယ် သူ့ဖွံကြောင်ဖို့ဟာ လာပြောတာ 😏😏😏 ကြည့်လို့ကိုမရဘူး
Mark ကတော့ Perth ကိုပြောပြီး အိမ်ထဲ ပြေးဝင်သွားသည် သူနှင့်လိုက်ကဲမှာ Plan ပဲရှိတာကို သူသိနေသည်....
Mark: Phi Phi Phi...
Plan: အေး လန့်ထှာ မင်းက ဘာဖြစ် အလန့်တကြား အော်ကြီးဟစ်ကျယ်
Mark:ဟိုနှစ်ယောက် ဒီကျောင်းပိတ် ပြန်လာမယ်တဲ့
Plan: ဘယ်နှစ်ယောက်လဲ အစမရှိအဆုံးမရှိ အိနြေ္ဒမရပြောပြန်ပြီ
Mark: Phi ကလည်း အန်ကယ် Toys ရဲ့ သမီး (၂) ယောက်လေ ကျွန်တော်တို့နဲ့ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်လေ
Plan: သိပြီ ချောသလောက် စွာတေးလန် ၂ ယောက်မလား ပြန်လာမယ်တဲ့လား အေး ရန်ဖြစ်ရဦးမယ်ပေါ့ စွာတေးလန်တွေကို
စရမယ်
Mark: ဟုတ်တယ် အာ့ပြောတာ 😁😁😁
Plan: အေး လောလောဆယ် မင်း Perth ကို ခဏအပြင်ခေါ်ထုတ်သွားပေး သူ့မွေးနေ့ အတွက် အမေနဲ့ငါ စီစဉ်စရာရှိလို့
Mark: အိုကေ Phi ခေါ်သွားမယ် ဘယ်အချိန်ပြန်လာရမလဲ
Plan: ညနေ ၅ နာရီလောက်ဆိုရပြီကွ စိတ်ချမယ်နော်
Mark: Ok Ok သွားလိုက်ဦးမယ် အာ့ဆို 😇
Plan: အေး အေး
Mark တယောက် plan ဆီမှ ပြန်ထွက်လာကာ အိမ်ရှေ့မှာထိုင် နေသော Perth ဆီသွားပြီး....
Mark: ဟျောင့် Perth လာ ငါတို့ သွားပြီး လမ်းလျောက်ရအောင် ခုနေ့မင်း မွေးနေ့မလား HBD ပါနော် ၁၃ နှစ်တောင် ရှိပြီမလား 😇 (အေး ဟုတ်တယ် အသက်တအားကြီးနေပြီ)
Perth: မင်းကမှ သိသေးတယ် အိမ်ကလူတွေက မေ့နေကြတယ် ငါလည်း စိတ်ဆိုးတယ် လာအပြင်သွားကြမယ်
Mark: အေးပါကွ သူငယ်ချင်းတွေရှိတာပဲ သွားကြမယ်လာ
Perth: P plan ရေ အမေ့ကို ပြောထားပေး အပြင်ခဏသွားဦးမယ် Mark နဲ့
Plan: အေး ငါပြောထားပေးမယ် သွားသွား
Perth: လာကွာ သွားရအောင် Mark
Perth နှင် Mark တို့အပြင်ထွက်သွားမှာ Plan နှင့် mae လည်း perth မွေးနေ့ပွဲအတွက် Suprise လုပ်ရန် စတင်ပြင်ဆင်တော့သည်....
🍀 တနေ့လုံး Mark နှင့် ဂိမ်းဆိုင်တွင် ဆော့နေသော Perth တယောက် ပျင်းလာပြီမို့ Mark ကိုလှမ်းကြည့်လိုက်သည်
Perth: Mark ရေ ငါပြန်တော့မယ် မင်းရေ
Mark: အေးပြန်ကြတာပေါ့ လာ...
ထို့နောက် နှစ်ယောက်သား လမ်းလျှောက်ပြီး Perth အိမ်သို့ ပြန်လျှောက်လာခဲ့ကြသည်...
Perth တယောက် ခြံနားရောက်ခါနီး အိမ်မှာ မီးအလင်းများ ဖြစ်နေသည်ကို မြင်လိုက်ရသည်
Mae: သားလေး Perth ပြန်လာပြီလား HBD ပါသားလေး Suprise လုပ်ချင်လို့ ခုလို လုပ်ထားတာ သားကြိုက်ရဲ့လား
Plan: HBD ပါညီလေး အကို့ကို စိတ်မဆိုးရဘူးနော်
Perth တယောက်ပျော်လွန်းပြီး မျက်ရည်များပါ ဝဲလာကာ plan နှင့် mae ကို အားရပါးရဖက်လိုက်သည်
Perth: သားအရမ်းပျော်တာပဲ P Plan နဲ့ mae ကို အရင်ကထက်ပိုချစ်သွားပြီ 😘
Mae: ကဲသွားတော့ သားလေး ခဏနေ ဧည့်သည်တွေ လာတော့မှာ ရေမိုးချို ပြင်ဆင်ပြီးမှ ပြန်ဆင်းလာနော်
Perth: ဟုတ် mae
Perth တယောက် ပျော်ရွှင်စွာဖြင့် အိမ်ပေါ်ပြေးတတ်သွားသည်ကို Mae နှင့် အကိုဖြစ်သူ Plan ကကျေနပ်စွာ ကြည့်နေကြသည်

🍀Perth အတွက် ဒီနှစ်မွေးနေ့ကတော့ ထူးထူးခြားခြားပါ mae နှင့် အကိုဖြစ်သူ Plan မှာ အရမ်းကြီး မကြီးကျယ်ပေမယ့် တကယ့်ကို ပျော်ရွှင်အောင် ဖန်တီးပေးထားသည်. တောမြို့နယ်လေး ဖြစ်ပေမယ့် perth တို့မှာ မြို့လူချမ်းသာ စာရင်းဝင်ပင်ဖြစ်သည်. ထို့ကြောင့်လည်း မွေးနေ့ပွဲလေးမှာ စည်းကားသိုက်မြိုက်သလို သားချောနှစ်ယောက်ကို ပိုင်ဆိုင်ထားသော mae နှင့် ဆွေမျိုး တော်ချင်သူတွေကလည်း ခပ်များများပါ.....

🍀မွေးနေ့ပွဲ အပြီးတွင် Perth တယောက်လည်း ပင်ပန်းနေပြီမို့ မျက်လုံးလေးများပင် မှေးစင်းပြီး ငိုက်ချင်နေပြီဖြစ်သည်
Mae: ဟယ် ဟိုကောင်လေး ရေမိုးချိုးပြီးသွားအိပ်တော့လေ သားရတဲ့လက်ဆောင်တွေအခန်းထဲထည့်ပေးပါ့မယ် တကထဲ
Plan: ကျွန်တော်ယူမှာဆိုးလို့နေမှာပေါ့ mae ရယ်
Mae: အေးလေ နင်တို့ကလုနေကြပဲကို 😇 ကဲကဲ အကုန်နားပြီး အိပ်ကြစို့
Perth: ဟုတ်ကဲ့ mae
Perth လည်း ရေမိုးချိုးပြီး ခုနေ့ သူရဲ့မွေးနေ့ကို ပွဲကျင်းပ လိုက်ရတာမို့ ကျေနပ်ပြုံးရွှင်စွာ အိပ်ပျော်သွားသည်...

💚First Dream💚
Perth တယောက် ဘယ်ကဘယ်လိုမှန်းမသိ ရောက်လာမှန့းမသိလ ကျယ်ဝန်းပြီးခမ်းနားနေသော အိပ်ခြံဝင်းတွင် ရောင်စုံမီးများနှင့်မို့
Perthတယောက်စိတ်ဝင်စားကာ အနားထိ တိုးသွားပြီးစပ်စုလိုက် ပါတော့သည်.... သူမြင်လိုက်တာက
ကြွေရုပ်လေးလို မိန်းမချောချောနေတဲ့ ကောင်လေးတယောက်
Perth pov
ဟိုအကိုကြီးက ချောလိုက်တာ ငါတို့နဲ့များကွာပ 😇
Perth တယောက် ခြံဝန်းထဲသို့ ခပ်တည်တည်ပဲ ဝင်ကာ Saint ရှိရာလို့သို လှမ်းဝင်သွယးလိုက်သည်.
Mae: Perth Perth Perth....
Perth တယောက် မားအသံကြောင့် လန့်နိုးသွာကာ...
Perth: ဟုတ် mae..
Mae: ဆေးသောက်ပြီးအိပ်ဖို့လာပေးတာ သားငယ်လေးက အိပ်တာမြန်ချက်
Perth: ဟုတ်မား အပျော်လွန်ပြီး ကျေနပ်နေတာမား
Mae: အိုကေပါ သားရယ် ပြန်အနားယူတော့နော်
Perth: ဟုတ်ကဲ့
Perth pov...
ခုန အိမ်မက်လေး အာ့အကိုကြီး တစ်အားချစ်စရာကောင်းတာပဲ ငါပြန်မက်ရင်ကောင်းမယ့် အရမ်းတွေမြင်ရတာ ကျေနပ်လိုက်တာ...
Perth တွေးရင်းနှင့် ပြန်လည်အိပ်ပျော်သွားသည်....

*feedback လေးတွေရေးပေးဦးနော်*

My Dream My Love (Completed )Where stories live. Discover now