အပိုင်း (၂၀)

494 29 0
                                    

🍀
Saint နှင့် Perth နှစ်ယောက်သား ညစာစားပြီးပြီမို့ စားသောက်ဆိုင်အပြင်ဘက်သို့ပြန်ထွက်လာကာ ကားပေါ်တတ်ပြီး မောင်းထွက်သွားကြလေသည်.....
Plan: ဦးလေး အာ့ကားနောက် လိုက်ပေးပါနော်
Libra: ဟုတ်တယ် မှီအောင်လိုက်နော် ဦးလေး
Driver: စိတ်ချ ဂျိန်းစပွန်းကားတွေကြည့်ထားတာ ဘာမှမပူနဲ့
Saint ကားလေးသည် အိမ်ပြန်လမ်းသို့ ဦးတည်မောင်းနေသော ကြောင့်.....
Pond: ဟဲ့ ဒါ နင်တို့အိမ်သွားတဲ့လမ်းမလား
Jenny: အေး ဟုတ်သားပဲ ပြန်ပြီလားဟယ် အားမရလိုက်တာ
Plan: ငါ့ညီနော် ငါ့ညီဟ
Jenny: သိတယ်လေ အာ့ဘာလုပ်ရမှာလဲ နင်တောင်အားကျပြီး လိုက်ကြည့်နေတာများ
Plan: ငါလည်း အားကျတယ်လေ ဖွင့်မပြောရဲလို့်လေ ခုပြောပြီးပြီ နင်ကဘာမှပြန်မပြောဘဲနဲ့
Libra: အဟမ်း အဟမ်း ကားပေါ်မှာနော်
Mark: ဟုတ်ပ P Plan လူကြားထဲဘာဖြစ် ဒါနဲ့ Libra နင်လည်း ငါပြောတာစဉ်းစားပေး
Plan: သြော် ငါ့ပြောသလိုလိုနဲ့ ဖျာဝင်ခင်း
Pond: ငါရှေ့နား ဆင်းနေခဲ့ပေးရမလားဟင်
Driver: နှစ်တွဲလုံးလိုက်ဖက်တယ် ဦးလေးဖြင့် ဖြစ်စေချင်နေပြီ
J&L: ဦးလေး ကားကြည့်မောင်း
P&M: ဦးလေးက အမှန်မြင်တတ်တယ်
Pond: ငါ ဆင်းပေးရမယ်ဆိုလည်း ပြောကြပါကွာ
Jenny: တော် တော် အကုန်လုံး ဦးလေး ရှေ့ကကားရပ်ပြီ ဒီနားပဲ ရပ်ထားပေး ဆင်းတော့မယ်
Driver: အိုကေပါ
Plan: အယ် ကားရပ်ပြိး နောက်ဖုံးဆီသွားနေပါလား...
All: ဟယ် ရိုလိုက်တာ 🙄

🍀
Saint တယောက် PPE လေးကွန်ဒိုရှေ့ရောက်ပြီမို့ ကားလေးကို ရပ်လိုက်သည်....
Perth: ညနေစာကျွေးတာရော လိုက်ပို့တာရော ကျေးဇူးပါ ကိုကို
တာ့တာ့နော် ဆင်းတော့မယ်
Saint: ခဏလေး ငယ်လေး ကားပေါ်ကဆင်းပြီးရင် ကိုကို့ကို ခဏစောင့်
Perth: ဟုတ် ကိုကို
Perth လည်း ကားပေါ်ကဆင်းပြီးရပ်နေပြီး Saint ကိုစောင့်နေ လိုက်သည်... Saint တယောက်ကတော့ ကားပေါ်ကနေ မျက်လုံးအုပ်တဲ့ ပစ္စည်းလေးယူပြီး ဆင်းလာကာ Perth ရှိရာသို့ လှမ်းသွားလိုက်သည်......
Saint: ကိုကို့ကို ငယ်ရဲ့မျက်လုံးလေး ခဏအုပ်ခွင့်ပေးနော်
Perth: ဟယ် ကိုကို ဘာလို့လဲ ဟင်
(မသိချင်ယောင်ဆောင်နေတဲ့ ကလေး ပိစိ)
Saint: ခဏနေရင် သိမှာပေါ့ ငယ်လေးရဲ့
Perth: ဟုတ် ကိုကိုက လူကို သိချင်စိတ်ပြင်းထန်အောင် လုပ်နိုင်စွမ်းရှိတယ် ငယ်လေး တအားကျေနပ်မိတယ်
Saint တယောက်ကတော့ Perth လေးကို မျက်နှာအုပ်ပြီး ကားနောက်ဖုံးဆီသို့ခေါ်လာပြီး နောက်ဖုံးတံခါးကို ဖွင့်လိုက်သည် ပြီးနောက်....
Saint:မျက်လုံးလေး ဖွင့်ကြည့်ပါဦး ငယ်လေး
Perth: ဟာ ကိုကိုရယ် ကိုကိုရယ် ငယ်လေး အရမ်းသဘောကျ တာပဲ ကိုကိုဘာလို့အာ့လို ထပ်ပြီး လုပ်ပေးနေတာလဲ
Saint: ငယ့်ဆို ပျော်စေချင်တာပါ....
Perthလေးပျော်မယ်ဆိုလည်း ပျော်စရာလေ
ကားနောက်ဖုံးလေးတွင် မိုးပျံဘောလုံး အနီအနက်လေးတွေအများကြီးက ကောင်းကင်ပေါ်တတ်ချင်လို့ တလူလူလွင့်နေသည်....
ကားနောက်ဖုံး တခုလုံး နှင်းဆီရဲရဲတွေ အပြည့်ခင်းထားပြီး အလယ်ကောင်တွင်က ကျားရုပ် အနက်လေးက ငုတ်တုပ်လေး အရုပ်လေးတွင် ဝတ်ထားသည့် အကျီက Perth ပုံလေးနှင့်...
"You Are My Life" လို့စာတန်းလေးလည်းပါနေသည်
ကျားရုပ်လေး ဘေးတဖက်တချက်တွင်က ဘူးအနီရောင်လေး နှစ်ဗူးက တင့်တယ်စွာရှိနေသည်လေ........
Saint: ငယ်လေး ဒီဗူးလေးက ကိုယ်က ငယ်လေးရဲ့ ပထမဆုံး Photo shooting အတွက်ပေးတာ ဒါလေးကတော့ ကိုကိုက ကိုယ့်ကိုကိုယ် ငယ့်ကို တရားဝင်မိတ်ဆက်လို့ အမှတ်တရအနေနဲ့ ငယ်နဲ့ ဆင်တူဝယ်လာတာ
Perth: ဟုတ် ကိုကို ခုလို ငယ်လေးကို အသိအမှတ်ပြု ချစ်ပေးတာ ကျေးဇူးတင်ပါတယ်
Saint: အာ့ဆိုရင် ကိုကိုပြောတာ စဉ်းစားပေးနော်
Perth: ဟာ ကိုကိုကလည်း
Perth တယောက်ရှက်ရှက်နှင့် မျက်နှာကို တဖက်သို့ လှည့်လိုက်သည်......
Saint: ရှက်မနေပါနဲ့ ငယ်လေးရာ စဉ်းစားပေးပါနော်
Perth: မသိဘူး သွားပြီ
ဟုပြောပြီး Saint လေးနဖူးကို မမှီတမှီနမ်းကာ ချာခနဲ့ ထွက်ပြေးသွားလေသည်...
Saint: ဟာ ငယ်လေး ကလေးဆိုးလေး မှီတောင်မမှီလိုကိဘူး လူဆိုးလေး
.........
Jenny: ဟာ.........
Pond: ဟဲ့ ဘာဖြစ်တာလေ ဟိုက သိကုန်မယ် 🙂
Libra: P Pond ဒါတွေနားလည်မှာမဟုတ်ပါဘူး FA ကြ်ီးကို
Pond: သြော် နင်တို့တွေက FA မဟုတ်ဘူးလေ အေးပါ
Plan: ငါတော့ မနက်ဖြန်ကစပြီး Saint ရဲ့ ရိုနည်းတွေ ပြေးသင်ရမလားပဲ
Mark: ကျွန်တော်လည်း လိုက်မယ် ခေါ်နော်
Jenny: နင်တို့က တမျိုးဟယ် ဟိုမှာ အိမ်ထဲဝင်တဲ့သူဝင် ပြန်တဲ့သူက ပြန်နေပြီဟ ငါတို့လည်း ပြန်ဖို့ပြင်ကြပါဟဲ့
All: ဟုတ်ကဲ့ ဟောက်လိုက်တာနော် 😁

My Dream My Love (Completed )Where stories live. Discover now