အပိုင်း (၁၁)

471 31 5
                                    

🍀
Jenny တို့အိမ် ဒင်နာည......
ဧည့်သည်များ နှင့် စည်းကားလှသည်.. ငွေကြေးချမ်းသာ သူများဖြစ်သလို အလှူအတန်း ရက်ရောကြသူများ ဖြစ်သည့် အပြင် မြို့မှ ပြန်လာသော သမီးချောတွေကို ထုတ်ကြွားပြီး ဂုဏ်ယူနေရ သောကြောင့် Toys နှင့် Mila တို့မှာ ပျော်တပြုံးပြုံး ဖြစ်နေသည်....
Toys: ဟော P kao တို့ပါလား လာလာ VIP ဝိုင်းကို
Kao: ရပါတယ်ဗျာ တကူးတက
Mila: ဘယ်ဟုတ်ပါမလဲ ဒီလူနဲ့ဒီလူကို လာလာ P Aim
Aim: ဟုတ်ကဲ့ပါ ဒါနဲ့ သမီးတွေရော
Mila: ခဏနေဆင်းလာတော့မှာပါ သမီးတွေက သူငယ်ချင်းတွေပါ ပါလာကြတယ် အလည်လိုက်လာတာ အကုန်အချောတွေချည်းပဲ
Aim: ဟုတ်လား ကြည့်ချင်လှပြီ ငယ်ငယ်ထဲက အချောတွေမို့လား
Mila: ဟော လာကြပြီ...
ခြံထဲရှိဆူညံနေသော ဧည့်သည်များမှာ နတ်သမီးနှင့်နတ်သားများ တွေ့လိုက်သလိုပင် ငြိမ်သက်သွားကြသည်....

🍀
ရှေ့ဆုံးမှဆင်းလာသူက Jenny.... 💚
ကြည့်လိုက်ပါဦး လေ အရပ်မြင့်မြင်နှင့် သွယ်လှသော ခန္ဓာကိုယ်​ပေါ်တွင် ဖက်ဖူးစိမ်းရောင် ဂါဝန်လေး ဝတ်ဆင်ထားသည်... ခါးလည်လောက်ရှိသော ဆံပင်ကိုလည်း ရွှေရောင်ဆိုးပြီး အစိမ်းရောင်တွေ ဟိုင်းလိုက်ဖောက်ကာ အလိပ်လိပ်အခွေခွေတွေ နှင့် ဆံပင်ကြားက ချောမွတ်နေအောင်လှနေသော အလှတရား မျက်နှာထားက ခပ်တည်တည်ဖြစ်နေသည့်အပြင် ခေါင်းမှအစ ခြေအဆုံး အစိမ်းရောင်များသာ ဝတ်ဆင်ထားသည်....
နောက်က ဆင်းလာသူက Libra.....🖤
သူကတော့ အနက်ရောင် မင်းသမီးတပါးပါ...
အနက်ရောင် ပိုးဂါဝန်ကို ဝတ်ဆင်ထားပြီး သူ့ရဲ့ ဆံပင်အနက်အခွေအလိပ်တွေကို အနီရောင် ဟိုင်းလိုက်တွေဖောက် ထားမှု့က ခပ်တည်တည်ဖြစ်နေသော မျက်နှာထားကို ပိုပြီး ခက်ထန်စေနေသော်လည်း ဝင်းမွတ်နေသော အလှတရားက ပျောက်ကွယ်မသွားပါ ခေါင်းအစခြေအဆုံး အနက်ရောင်တမျိုးထဲသာ ဝတ်ဆင်ထားသည်....
နောက်တယောက်က Saint ပါ...❤
အနီရောင် တကိုယ်လုံးဆင်မြန်းထားသည်မှာ ပတ္တမြားကဲ့သို့ တင့်တယ်နေပေသည်...
ဖြူဖွေးနုဖတ်ပြီး မြင်ရသူရင်ထဲ အေးမြစေတဲ့ အပြုံးအလှပိုင်ရှင်ပီပီ ပြုံးနေတဲ့ မျက်နှာလေးက တကယ် နတ်သားလေးတပါး လျှောက်လှမ်းလာနေသလိုပါ... ချောမွေလွန်းသလို အရပ်အနေအထားကပါ ပြောစရာမရှိအောင် တင့်တယ်ပြီး တကယ့် မိန်းကလေးလို ချစ်စရာကောင်းနေသူပါ.....
အာ့နောက်မှာတော့ မတည့်အတူနေ Jasmin နှင့် Pond ပါ...
တိုက်ဆိုင်မှု့ကတော့ နှစ်ယောက်လုံး အဖြူရောင်ဆင်တူ ဖြစ်နေသောကြောင့် ကြိတ်ပြီး ရန်ဖြစ်နေကြလေသည်...
Jasmin: ဟဲ့ နင်တခြားအရောင်မရှိတော့ဘူးလား ဘာလို့ ငါနဲ့လာအရောင်ဆင်နေတာလဲ
Pond: ဟာ ငါ ငါပါတာဝတ်တာလေ မကျေနပ်နင်သွားလဲပါလား
Jasmin: ဟဲ့ ငါလည်း ဒါပဲယူလာတာလေ နင့်ကို ငါအတော် ကြည့်မရတော့ဘူးနော်
Jenny: ဟယ် နင်တို့ခုထိ မပြီးကြသေးဘူး ငါ့ဆီက ယူဝတ်ပါဆို
မဝတ်ဘဲနဲ့
Libra: အေးလေ သူများလည်းပြောတာကို
Saint: ငါလည်း ပြောပါတယ် သူ့ဘာသာမဝတ်တာ အာ့ Pond Jasmin: သြော် ရှင်တို့က အစိမ်းနဲ့အနက်ပဲရှိတာလေ ဝတ်စရာမှမရှိတာ
Pond: အေးလေ saint ရောဘာထူးလဲ အနီချည်းပဲ ဒီကြားထဲ သူ့အရပ်နဲ့ငါ့အရပ် ကြည့်ဦး
Jenny: သြော် ချက်ချင်းဟယ် ပူးပေါင်းချက်က လာလာ ငါ့မိဘတွေဆီ သွားရအောင်...
All: အိုကေ သွားကြစို့

My Dream My Love (Completed )Where stories live. Discover now