အခန်း (၁၀)

443 37 0
                                    

🍀
နောက်တနေ့ မနက်.....
ညက တညလုံး အိပ်ရေး ဝဝ အိပ်ပြီးပြီမို့ Saint တယောက် လန်းလန်းဆန်းဆန်းနိုးလာသည်.. Pond ကရေတောင် ချိုးပြီးပြီဖြစ်သည်...ထို့ကြောင့် Saint လည်း အိပ်ယာမှထကာ ရေချိုးခန်းထဲ ဝင်ပြီး ရေမိုးချိုးလိုက်သည်... အားလုံးလည်း ပြီးပြီမို့ နှစ်ယောက်သား အခန်းထဲမှ ထွက်လာကာ အိမ်အောက်ထပ်သို့ ဆင်းလာကြသည်....
Jasmin: ဟော ဆင်းလာကြပြီ ကာလနဂါး ၂ ကောင်
Mila: သားတို့လာကြ မနက်စာစားလို့ရခါနီးပြီ ထိုင်ကြဦးနော်
S & P: ဟုတ်ကဲ့ပါ အန်တီ ဘာဝိုင်းကူပေးရဦးမလဲခဗျ
Mila: အို မလိုပါဘူးကွယ် အေးဆေးထိုင်ကြ
မနက်စာ အေးဆေး စားသောက်ပြီးနောက်.....
Mila: သမီးတို့ သူငယ်ချင်းတွေကို အပြင်လိုက်ပို့လိုက်ဦးလေ
Jenny: ဟုတ် သွားကြမှာ မား ညနေမှ ညဈေးလေးလျှောက်ရင်း သွားမလားလို့ ခုမနက်တော့ နောက်ကအပန်းဖြေအိမ်သွားရင်း ပန်းဥယျာဉ်လေးလည်း ကြည့်ရတာပေါ့
Pond: ဟုတ်တယ် အန်တီ ဒီနေ့ခဏ အိမ်ထဲမှာနေကြမလို့
Mila: သြော် အေးပါ အဆင်ပြေသလိုနေကြနော် မနက်ဖန်ကျ ပါတီလုပ်ပေးမှာ 🙂
Saint: ပျော်စရာကြီးနေမှာ ကျွန်တော်တို့ကြောင့် အန်တီ ပင်ပန်းနေပါ့မယ် ခဗျ
Mila: ရပါတယ်ကွယ် အန်တီက စီမံပေးယုံပါ လုပ်တာကိုင်တာက အလုပ်သမားတွေရှိနေတာပဲ လူငယ်တွေပျော်ရအောင်ပေါ့ ကဲကဲသွားနားကြတော့လေ

🍀
အပန်းဖြေအိမ်လေးထဲတွင်....
Jenny: အမလေး ငါ့မှာ သိချင်လို့သေတော့မယ် Saint ပြောပါဦး ညက နင်အိမ်မက်မက်သေးလား
Pond: ဟုတ်တယ် အာ့သိချင်လို့ လျှောက်တောင်မလည်ဘူး
Jasmin: အေးလေ ငါရောပဲ
Libra: ဟယ် စပ်စုလိုက်ကြတာ မြန်မြန်ပြောတော့လို့စ်
Saint: အေး ငါ ညက.....
ဟုစကားချီကာ ခဏရပ်ပြီး အကုန်လုံး မျက်နှာကို ပြုံးပြီး လိုက်ကြည့် နေလိုက်သည်
All: ဟာ ပြောပါဆို အိုက်တင်ခံနေတယ် စိတ်ရှည်လာပြီနော်
Saint: ပြောပါ့မယ် မင်းတို့ကို စချင်လို့ပါကွာ ညက မက်တယ် အကြောင်းအရာက ...သူ့အိမ်က ခြံဝန်းအစကနေ အိမ်ထဲရောက်တဲ့အထိ တဖက်တချက်မှာ နှင်းဆီပန်းတွေရှိတယ်တဲ့ အိမ်က ရှေးဟောင်းနဲ့ ခုခေတ်လက်ရာ ယှဉ်တွဲနေတယ်တဲ့ သူပြောပြတာဟ ငါနဲ့သူ အိမ်မက်ထဲတွေ့တဲ့နေရာက Jenny နင်တို့ ကွန်ဒိုရှေ့ဟ
Libra: နေဦး သူပြောတဲ့ အိမ် Libra သိသလိုပဲ
Jenny: ဟဲ့ ငါသိပြီ အိမ်ပုံစံက ဟို ညီအကိုနှစ်ယောက်အိမ်ပဲဟ နှင်းဆီပန်း ရှိမရှိက ငါလည်းမသိဘူးရယ် ညနေသွားကြည့်မယ် ဟယ်
Saint: ဟင် တကယ်ဒီမြို့မှာ ရှိနေတာလား
Pond: ဟာ တကယ်လား ငါမယုံနိုင်ဘူး
Jasmin: နေဦး Jenny နင်ပြောတာ ညီအကို ၂ ယောက်နော် Saint ပြောဖူးတာ အာ့သူအိမ်မက်မက်တဲ့ကောင်လေးမှာ အကိုရှိတယ် လို့ပြောဖူးတယ်
Libra: ဟယ် ငါသိပြီ အငယ်ကောင် Perth က Saint ပြောတာနဲ့တူသလိုပဲဟ ငါနဲ့ရွယ်တူလေ သူ့အကိုက ဘယ်လိုပုံစံလဲ မှတ်မိလား
Saint: ယေးတေးတေးပဲ သေချာတာ သူ့အကိုက သူ့ထက်အသား ပိုဖြူတယ် အကောင်လေးနည်းနည်းသေးတယ် ချစ်စရာရုပ်လေးပဲ
Jenny: ငါ အတော်အံ့သြနေပြီ Perth အကို Plan ကအာ့ပုံစံပဲ တိုက်ဆိုင်နေတာများလား
Jasmin: နင်တို့တကယ်ပြောနေတာလား
Pond: အာ့ဒါသာ တကယ်ဆိုရင်တော့ အိမ်း ဖူးစာများလား
Jenny: နေဦးဟ ညနေမှ အိမ်ကို သွားကြည့်မယ် ကားဖြတ် ​မောင်းလိုက်မယ်လေ အိမ်ရှေ့ကနေ
Saint: အေး နင်တို့ပြောတာ ငါတောင် သိချင်နေပြီ
Libra: ညနေသွားကြမယ် တခုပဲ သူတို့ ဘန်ကောက်သွားတယ်တဲ့ လူချင်းတော့ တွေ့ရမှာမဟုတ် so sad ဟာ
Jenny: နင်ကတမျိုး တိတ်နေစမ်းပါဟယ် ဒါနဲ့နေပါဦး Saint နင်အိမ်မက်ထဲ သူ့တွေ့တာ ငါတို့ ကွန်ဒိုရှေ့တဲ့လား အမလေးဟဲ့ အိမ်မက်သာအမှန်ဆိုရင် ဟို အချေကောင်နဲ့ ငါတွေ့နေတော့မှာပဲ 😏
Libra: နင် တွေ့ချင်နေတာလား သူကချစ်စရာလေးနော် ဟိဟိ
Jenny: တိတ်စမ်း ငါလုပ်လိုက်ရ သူ့လို အချေကိုများ နင်ပဲချစ်စရာကောင်းနေနော်
Libra: သြော် နင်ကမချေရှာဘူးလေ အသွင်တူနေလို့ မတည့်တာ များဟယ် 😏
Saint: ဟဲ့ နင်တို့ညီအမ ဘာတွေပြောနေတာလဲ ငါတို့လည်း ပြောပြဦး
Jenny: ဘာမှမဟုတ်ပါဘူးဟယ် ငယ်ငယ်ကတည်းကမတည့်တဲ့ အချေကောင်အကြောင်းပြောနေတာ
Pond: အေးပါ နင်လည်း အမြင်ကပ်ရာကနေ ဟဲဟဲ
Jasmin: ပြောပြလိုက်စမ်းပါဟယ်
Jenny: တော်စမ်းပါဟယ်  ဒါနဲ့ ရေကူးကြမလား ငါတို့တွေ
Pond: မကူးဘူး ဥယျာဉ်ထဲ သွားရအောင် အပင်တွေစုံလို့ ငါစပ်စုချင်တာ
Saint: မင်းကွာ မိန်းမကြီးကျလို့ ငါလည်းကြည့်ချင်တယ်ကွ သွားစို့

My Dream My Love (Completed )Where stories live. Discover now