အခန်း (၃) နီးတယ် ဒါပေမယ့် ဝေးသေးတယ်

707 49 6
                                    

🍀Perth တယောက်နှစ်ခြိုက်စွာ ပြန်အိပ်ပျော်သွားပါသည်..
သူ့ရဲ့ ဆုတောင်းလေး ပြည့်ခဲ့ပါတယ်.... အိမ်မက်ထဲမှာ သူဆုံခဲ့တဲ့ ကောင်ချောလေး....
Perth လေးသူငယ်ချင်းတွေနဲ့ ကစားနေတုန်းမှာပဲ သူတို့ကို
ငေးမောနေတဲ့ Saint ​လေးကို လှမ်းမြင်လိုက်ရတာပါ...
ဒါကြောင့်လည်း Perth တယောက် Saint လေးဆီ အပြေးလာပြီး ပြုံးကာ စကားစလိုက်ပါသည်
Perth :: မင်္ဂလာပါ အကို ကျွန်တော့နာမည်က Perth ပါ အကိုက ဧည့်သည်လား တခါမှ မဖြင်ဖူးလို့ပါ ​မော်ဒယ်လားဟင်
Saint တယောက် Perth စကားကြောင့်ရယ်မောလိုက်ရာ.. မြင်ရသူ စိတ်နှလုံးသားကို အေးမြစေလောက်တဲ့ အပြုံးချိုချို အသံချိုချိုလေး ထွက်ပေါ်လာပါသည်...ထို့နောက်
Saint :: အကိုက ဧည့်သည်ပါ ဟုတ်တယ်  မော်ဒယ်တော့ မဟုတ်ရပါဘူး အကို့နာမည်က Saint ပါ
Perth :: ဟုတ် အကိုက တအားချောလွန်းလို့ပါ ဒီမှာ ထိုင်နေတာ မပျင်းဘူးလားဟင် ကျွန်တော်တို့နဲ့ လာဆော့ပါလား
Saint :: အကို အာ့လိုကစားနည်းတွေ သိပ်မသိဘူး ဒီလိုလေးပဲ ကြည့်ပြီး အားပေးမယ်လေ.... ဒါနဲ့ ညီလေး Perth ကလည်း အရမ်းကို ချစ်စရာ ကောင်းလွန်းပါတယ်နော်.....
ထိုစဉ် Plan မှာ Perth ကစားရာနေရာသို့ ရောက်လာပြီး Perth ကိုလိုက်ရှာနေစဉ်..
မိန်းမချော ချောပြီး နုဖတ်လွန်းနေသော တခါမှမမြင်ဖူးသော ကောင်လေးတယောက်နှင့် စကားပြောနေတာ မြင်လိုက် ​သောကြောင့် Perth တို့ရှိရာသို့ လျှောက်လာခဲ့ပြီး....
Plan :: Perth ညီလေးက ဒီရောက်နေတာကို  မေမေခေါ်နေပြီ အာ့ကြောင့် အကိုလိုက်လာတာ ဒါနဲ့ ဒါက ဘယ်သူလဲ   ဧည့်သည်လား
Perth :: အေးပါ လာပြီ ဒီက. အကိုက ဧည့်သည်တဲ့ နာမည်က Saint တဲ့ အရမ်းချောတယ်မလား အကို Saint. ဒါက ကျွန်တော့အကို Plan ပါ
Saint  ::တွေ့ရတာ ဝမ်းသာပါတယ် အကို...
Plan  :: တွေ့ရတာ ဝမ်းသာပါတယ် ညီလေး Saint နောက်နေ့ထပ်တွေ့ကြမယ်နော်  ခုတော့ မေမေခေါ်နေလို့ပါ Perth ရေ သွားရအောင်
Perth :: သွားလိုက်ပါဦးမယ် နော်
Saint :: ဟုတ်ကဲ့ပါ 🙂🙂🙂
Perth တယောက်လှည့်ပြန်လာသော်လည်း ချောမောလွန်းသော မျက်နှာကိုကြည့်ပြီး သူ့အကိုတော်ချင်သလိုလို ချစ်ခင်နေမိသည်..
ပြီးတော့ Plan ကို လှမ်းကြည့်ပြီး....
Perth: အကို အကိုကဘာလို့ ဟိုအကိုလိုမချောရတာလဲ
Plan: ဟမ် ငါက သူ့လို ဘာလို့ချောရမှာလဲ ပြီးတော့ ငါလည်း ကျောင်းရဲ့ king ပါကွာ ပြောရက်တယ်... အင်း သူတကယ်ချောတာတော့အမှန်ပဲ သူဌေးသားလေးနေမှာပါ.....
Perth:  အွန်း......

My Dream My Love (Completed )Where stories live. Discover now