အခန်း (၄)

574 46 2
                                    


🍀Saint တယောက် အထက်တန်းစာမေးပွဲပြီးရင် သွားကဲမည် ကြံထားသော်လည်း ဟို ညီအမက အိမ်ပြန်ရမည်ဆိုသောကြောင့် စိတ်မကြည်မသာနှင့် အိမ်ပြန်လာသည်.... သူ့ရဲ့ကားနီလေးကို အိမ်ထဲသို့ မောင်းဝင်လာရင်း....
Saint pov
အမေက အစောကြီးပြန်ရောက်နေပါလား ဧည့်သည်ပါလာပုံရတယ် ကားတစီးတွေ့တယ် ဘယ်သူလဲမသိ
Saint ကားလေးရပ်ပြီး အိမ်ထဲသို့ လှမ်းဝင်လာသည်... ဧည့်ခန်းထဲတွင် ထိုင်နေသည်မှာ အမေဖြစ်သူ နှင့်အတူ လူနှစ်ယောက်ကို တွေ့လိုက်သည်.  မြင်ဖူးသလိုလိုလည်း ရှိနေသည် သို့သော် စဉ်းစားမရ....
Nuk: ဟော သား saint တောင် ကျောင်းက ပြန်လာပြီ လာပါဦး သားရဲ့ ဒီမှာ သား အန်ကယ် chen နဲ့ သားအကို purk ရောက်နေတယ်
Saint pov
သြော် ဒါကြောင့်မြင်ဖူးတယ်ထင်နေတာ မွေးနေ့တုန်းက mae မိတ်ဆက်ပေးဖူးသားပဲ
Saint:  ဟုတ်ကဲ့ mae လာပြီ  မင်္ဂလာပါ အန်ကယ်နဲ့အကို
Chen: မင်္ဂလာပါ သား
Purk: မင်္ဂလာပါ ညီလေး
Chen: ကဲ Nuk ကျွန်တော် လာရင်းကိစ္စလေး ဆက်ပြောမလား
Nuk: ဆက်ပြောတာပေါ့ သား saint လည်း နားထောင် ဒီလုပ်ငန်းက ခုမှစလုပ်မှာ သားရဲ့ production ထောင်ပြီး မျက်နှာသစ် လူငယ်တွေ မွေးထုတ်ချင်တာလေ
Saint: ကောင်းတာပေါ့ mae ကျွန်တော်လည်း စိတ်ဝင်စားတယ်
Chen: ဟာ ကောင်းတာပေါ့ သားကစိတ်ဝင်စားတော့ အန်ကယ့်သားလည်း အရမ်းလုပ်ချင်နေတာ
Purk: ဟုတ်တယ် ညီလေးက စိတ်ဝင်စားတော့ တူတူတွဲလုပ်လို့ အဆင်ပြေတာပေါ့
Saint: ဟုတ်ကဲ့ အာ့ဆို ဆက်ပြောပါဦး
Chen: ဒီလိုပါ ပထမက အန်ကယ်တို့က လူသစ်တင်မှာ လူရွေးပွဲလုပ်ပြီးတင်မို့ Nuk ရေ ကျွန်တော့သားက အာ့ကို ရူးနေလို့ သူ့ကို မင်းသားသစ်အနေနဲ့ တင်မလားလို့ပါ ခု Saint မြင်တော့ ကျွန်တော်သားထက် အများကြီး ပိုချောတာ ဆိုတော့Saint လေးကို မင်းသားတင်မလားလို့ပါ
Saint: ဟာ မလုပ်ပါနဲ့ P Purk ကိုပဲလုပ်ခိုင်းလိုက်ပါ
Nuk: သားတကယ်စိတ်မဝင်စားဘူးလား ခုတောင် မင်းသားမဟုတ်ပဲ သားရဲ့ IG TT FB အကုန်လုံး followwer များနေတာလေ mae သားအချောလေးပဲကို ကြွားချင်သေးတာပေါ့
Saint: သားကတော့ လုပ်ရင်တောင် ကိုယ့်အရည်အချင်းနဲ့ပဲ လုပ်ချင်တာ mae ထောင်တဲ့ production မို့ သားက မင်းသား ဆိုတာမျိုး မလုပ်ချင်ဘူး
(ဟာ ဟိုသားအဖ ထိရှပြီ)
Saint စကားကြောင့် Chen နှင့် purk မျက်နှာ ပျက်သွားသည် သို့သော်အချိန်မီပြန်ထိန်းလိုက်သည်..Saint ကလည်း သူ့အမြင်ကိုသာ ပြောလိုက်တာကြောင့် တဖက်ကို ယောင်ပြီးတောင် သတိမထားမိ...Mae Nuk ကတော့ Chen တို့သားအဖကို အားနာမိသွားသည်...ထို့ကြောင့် စကားလမ်းလွှဲသည့်အနေဖြင့်...
Nuk: အင်းပါ သား saint ကို မားနားလည်ပါတယ် ခုမှ ကျောင်းကပြန်လာတာမလား သွားနားလိုက်ဦးလေ အမေက တိုင်ပင်စရာလေးတွေ ဆက်တိုင်ပင်လိုက်ဦးမယ်

My Dream My Love (Completed )Where stories live. Discover now