Chapter5🎅

372 41 0
                                    

မနေ့က ဘာသာပြန်ရင်းအိပ်ပျော်သွားလို့
Daily updateကြီး ၁ရက်လျော့သွားတဲ့ အတွက် ဒီည တစ်ပိုင်းရအောင်လုပ်ကြည့်ပါ မယ် ညမှပြန်မှာဖြစ်လို့ ညနက်ပါလိမ့်မယ်
ဒါပေမယ့် daily updateလို့ ဖင်ကျယ်မိထားတော့ လုပ်ကြည့်ပါ့မယ်
မရလည်း နောင်ခါနောင်ဈေး နောက်မှ ပြန်ပြန်ဖြည့်မယ်😁😁

MERRY CHRISTMASပါ🎅🎁🎁☃️
အိမ်မှာအလှူလုပ်လို့ ညကကျန်တဲ့ဟာကို အခုမှရေးပြီးတယ်

______________

Zawgyi

ရှစ်ချင်းက ခုနကTaskရဲ့အသေးစိတ်
အချက်အလက်ကို ပြန်ခေါ်လိုက်တဲ့အခါ အရိုးသားဆုံးပြောရရင် အိမ်ရှေ့စံအနေနဲ့ ထီးနန်းတက်ဖို့လုပ်ရတာ အရမ်းကြီး
မခက်ခဲပါဘူး

ဘုရင်အိုကြီးက အသုံးမကျတာ မဟုတ်ပေမယ့် သူက အတော်လေးအသက်
ကြီးနေပြီး နှစ်ပေါင်းများစွာ စိတ်ရှုပ်ခြင်း တိုးပွားနေတယ်။ ကိုယ်လုပ်တော်လီမှာ အသင့်အတင့်ငယ်ရွယ်မှု ရှိနေပေမယ့်လည်း
သူမက နှစ်၂၀နီးပါး နန်းတော်မှာရှိနေခဲ့တယ်
သူမက အတော်လေးဉာဏ်ကောင်းပြီး
ကောက်ကျစ်တယ်။ သူမက အရှင်မင်းကြီးကို သူမရဲ့ သရုပ်ဆောင်မှုနဲ့ ချော့မော့တယ် ဒါပေမယ့် ဒါကမလုံလောက်သေးဘူး

သူမက သူမမိသားစုကို ထောက်ပံ့ဖို့ရည်ရွယ် ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုက်တန်စွာ ပိုပြီးပြဿနာဖြစ်တာနဲ့ အဆုံးသတ်သွားသည်။ သူမကစိတ်မပါဘဲ သူမအကိုကို စစ်သူကြီးလက်ထောက်လုပ်ဖို့ ကြိုးဆွဲသည်။ အဲ့နေရာက ထိုသူအတွက် သေခြင်းက အဆုံးသတ်ဖြစ်ပြီး ရှေ့ဆက်ဖို့လမ်းမရှိပေ။

ထို့နောက် ဒီနှစ်ဆိုအသက်၂၀ပြည့်တော့မယ့် ဒုတိယမင်းသား ရုန်ရှန်းရှိနေသည်။ ဒါပေမယ့် ဒါက နားရွက်နောက်ဖျားမှာပါ။ သူက ငပွေကောင်အဖြစ် မကြီးပြင်းခဲ့ရပေမယ့် ငယ်ရွယ်မှုကြောင့် စိတ်လိုက်မာန်ပါ ကျိုးကြောင်းမဆင်ခြင်တတ်တဲ့သူ ဖြစ်နေသည်။ အင်ပါယာအရှင်နဲ့ သူ့အမေရဲ့ ကြိမ်ဖန်များစွာ ဆုံးမမှုအောက်မှာ သူကကတိပေးခဲ့တယ် သူကငယ်ရွယ်ပေမယ့် လည်း အိမ်ရှေ့စံနဲ့ယှဉ်ရင် အများကြီးပြသဖို့ မလိုပေ။ အိမ်ရှေ့စံကိုဆန့်ကျင်ပြီး တိုက်ခိုက်နိုင်သော်လည်း သူသာနိုင်ခဲ့မယ်ဆို ရင် သူရတနာအကြီးကြီးလို အခွင့်အလမ်း
ရလိုက်မှာပင်ဖြစ်သည်

Reborn as a system[Translation]Where stories live. Discover now